မန်ယူတိုက်စစ်မှူးဟောင်း ဆာဟာက လူတွေက ပေါ့ဘာကို လွဲမှားတဲ့ အပိုင်းမှာ ဝေဖန်နေကြတယ်လို့ ထောင်ပြမှု လုပ်လာပါတယ်။

မန်ယူဟာ ပေါ့ဘာကို ကွင်းလယ်ဖန်တီးမှုနဲ့ အခြားသော ထူးချွန်မှုပိုင်းတွေအတွက် တာဝန်ပေးဖို့ ခေါ်ယူထားတာဖြစ်ပြီး သူ့ကို ရွိုင်ကိန်းလို ဦးဆောင်ထားဖို့ ခေါ်ယူထားတာ မဟုတ်ပါဘူးလို့ သူက ဆိုတာပါ။

ဆာဟာကက ” ကျနော် တကယ်ပဲ ပေါလ်ရဲ့ အမာခံ ပရိသတ်ပါ။ ခင်ဗျားတို့က အသင်းမှာ အကောင်းဆုံးကစားသမားတွေအတွက် ခေါင်းဆောင်မှု အရည်အချင်းကို ပစ်မှတ်ထားတယ်။ ပေါလ်က အမြဲတမ်း ဒီဝန်ထုပ်ဝန်ပိုးကြီးကို သူယူထားဖို့ဆိုတာ မမျှတဘူးလေ။

အသင်းရဲ့ တည်ဆောက်ပုံက သူ့ကို ခေါင်းဆောင်အဖြစ် ထားထားတာမဟုတ်ဘူး။ ဒါကြောင့် အဲ့ဒါကို သူ ကောင်းကောင်း မလုပ်နိုင်တာ ဖြစ်နိုင်တယ်။ တကယ်တမ်း သူဟာ ထူးခြားတဲ့ အရည်အချင်းတွေ ရှိတယ်။ ဘာကြောင့်လဲဆိုတော့ ထူးခြားတဲ့ အခြားအရာတွေကို သူလုပ်နိုင်တယ်လေ။

ဒါကြောင့် လူမှန် နေရာမှန်ကို ရှာဖို့လိုတယ်။ သူက မှော်ဆန်တာတွေ လုပ်ပြနိုင်တယ်။ ဒါကို သူလုပ်ဖို့အတွက် ယူနိုက်တက်က ခေါ်ယူခဲ့တာပါ။ ရွိုင်ကိန်းလိုမျိုး လုပ်ပြဖို့ မဟုတ်ပါဘူး။ အခု ပေါလ်ကို ဝေဖန်နေကြတာ မမျှတဘူးလို့ ကျနော်ပြောရပါလိမ့်မယ်။

ပေါ့ဘာကို ပြောဆိုနေကြတာက မမျှတဘူးလို့ ထင်ပါတယ်။ တကယ်က တစ်သင်းလုံးနဲ့ဆိုင်တာပါ။ တစ်ယောက်ချင်း စီတိုင်းက သူတို့ရဲ့အကောင်းဆုံးပုံစံတွေရရှိဖို့ လိုပါတယ်။

ဥပမာအနေနဲ့ ဂယ်ရီနဗီးလို ကစားသမား တစ်ယောက်က ကျနော့်လို တိုက်စစ်မှူး တစ်ယောက်အတွက် သေချာပေါက် လိုအပ်ခဲ့တယ်လေ။ ဆိုးရှားအနေနဲ့ အလုပ်တချို့ လုပ်ဖို့လိုအပ်တယ်လို့ ကျနော်ထင်တယ်။ ယူနိုက်တက်ဟာ ခေါင်းဆောင်သစ်တချို့ ရှာဖို့ လိုအပ်ပါတယ်။ ” လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။