လီဗာပူးအသင်းဟာ မက်ဒရစ်က ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ စပါးကို ၂-၀ နဲ့ အနိုင်ယူကာ ၄င်းတို့ရဲ့ ၆ ခု မြောက် ချန်ပီယံလိဂ် ဖလားကို ရယူသွားနိုင်ခဲ့ပါတယ်။ လီဗာပူး အတွက် ဂိုးတွေကို ဆာလက်က ပင်နယ်တီနဲ့ ၁ဂိုး၊ အိုရီဂီက ပွဲပြီးခါနီှးာ ၁ ဂိုး အသီးသီး သွင်းယူခဲ့တာပါ။

လီဗာပူးအသင်းဟာ ၆ ကြိမ်မြောက် ဥရောပ ချန်ပီယံလိဂ် ဗိုလ်စွဲပြီးနောက် သမိုင်းမှာ တတိယမြောက် အအောင်မြင်ဆုံး အသင်း ဖြစ်လာခဲ့ပါတယ်။ လီဗာပူး ရှေ့မှာ ရီးရဲလ်က ၁၃ ကြိမ် ဗိုလ်စွဲထားပြီး အေစီမီလန်က ၇ ကြိမ် ဗိုလ်စွဲထားခဲ့တာပါ။

ချန်ပီယံလိဂ် ဗိုလ်စွဲအပြီှးမှာ လီဗာပူး လူငယ်ခံစစ်မှူး ထရန့် အလက်ဇန္ဒါး အာနိုးက – ” ကျနော်က အိပ်မက်မက်ခဲ့တာတွေ တကယ် ဖြစ်လာခဲ့တဲ့ လီဗာပူးမြို့က သာမန်ကောင်လေးပါပဲ။” လို့ ဖွင့်ဟသွားခဲ့ပါတယ်။

ပရီးမီးယားလိဂ်ကလပ် မန်စီးတီးနဲ့ သတင်းကြီးတွေ ထွက်ပေါ်ထားတဲ့ စပို့တင်းရဲ့ ကြယ်ပွင့်ကစားသမား ဖာနန်ဒက်စ်က အင်္ဂလန်လိဂ်မှာ သူ့ရဲ့စိတ်ကြိုက်အသင်းက လီဗာပူးပါလို့ ထုတ်ပြောလိုက်ပါတယ်။

လီဗာပူးတိုက်စစ်မှူး မိုဆာလက်က ရိုးမားမှ အသင်းဖော်ဟောင်း ဒီရော့စီနဲ့ အတူ တွဲကစားလိုကြောင်း ထုတ်ဖော် ပြောဆိုလာပါတယ်။ ဒီရော့စီက ရိုးမားအတွက် နောက်ဆုံးပွဲ ကစားပြီး ဖြစ်ကာ စာချုပ်ကုန်ဆုံးလို့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာတော့မှာ ဖြစ်ပါတယ်။

လီဗာပူးနဲ့ရီးရဲလ်မက်ဒရစ် ကွင်းလယ်ကစားသမားဟောင်း ဇာဗီ အလွန်ဆိုက ရီးရဲလ်ဆိုဆီဒတ် (B) အသင်း နည်းပြ အဖြစ် ခန့်အပ်ခြင်း ခံလိုက်ရပါတယ်။

လီဗာပူးအသင်းက ပြင်သစ်ထိပ်သီးကလပ် လိုင်ယွန်အသင်း ကွင်းလယ်တိုက်စစ်ကစားသမား ဖက်ကီရာကို ခေါ်ယူနိုင်ဖို့ မန်စီးတီးအသင်းနဲ့ အပြိုင် ကြိုးပမ်းသွားမယ်လို့ သိရပါတယ်။

လီဗာပူး ဗဟိုခံစစ်မှူး ဗန်ဒိုက်က ၄င်း အနေနဲ့ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးရရှိခဲ့ပေမယ့် ဒီနှစ်အတွက် ဘလွန်းဒီအောဆုကို ဘာစီလိုနာ ကစားသမား မက်ဆီသာ ရသင့်တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။ ဒါပေမယ့် သူသာ ရရှိခဲ့မယ်ဆိုရင်လည်း လက်ခံသွားမယ်လို့ ဆိုခဲ့ပါသေးတယ်။