ရီးရဲလ်မက်ဒရစ်ဟာ မန်ယူအသင်းမှ ပေါ့ဘာကို ခေါ်ယူဖို့အတွက် ပြောင်းရွှေ့ကြေး ပေါင် ၁၃၀ သန်းကို ပေးချေလိုခြင်း မရှိပေမယ့် ပေါ့ဘာအတွက် ကစားသမား ၃ ဦးအထိ အလိုက်ပေးဖို့ စဉ်းစားထားကြောင်း သိရပါတယ်။

ပေါ့ဘာဟာ မန်ယူကနေ ထွက်ခွာဖို့အတွက် စဉ်းစားထားတဲ့ ဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်ဖို့ စဉ်းစားနေပြီး ဆိုရှားရဲ့ သိမ်းသွင်းမှုမှာ မန်ချက်စတာမှာပဲ ဆက်နေဖို့ စဉ်းစားလာတာပါ။ ဒါကြောင့် ရီးရဲလ်ဘက်က ခြေလှမ်းသစ် ပြင်လာတာဖြစ်တယ်။

ဂျူဗင်တပ်ကလည်း ပေါ့ဘာကို ခေါ်ယူဖို့အတွက် ဒိုင်ဘာလာနဲ့ လဲလှယ်ဖို့ လုပ်ဆောင်နေတယ်ဆိုတဲ့ သတင်းကြောင့် ရီးရဲလ်မက်ဒရစ်က အခုလို နည်းလမ်းသစ်ကို ရှာဖွေလာတာဖြစ်တယ်။ ရီးရဲလ်မက်ဒရစ်ရဲ့ မဟာပြိုင်ဘက် ဘာစီလိုနာကလည်း ပေါ့ဘာကို ကော်တင်ဟိုအစား ကွင်းလယ်မှာ ထည့်သွင်းဖို့ စိတ်ဝင်စားနေပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ပေါ့ဘာကို ရရှိဖို့အတွက် ဂါရတ်ဘေး၊ ဂျိမ်းစ်ရိုဒရီဂွက်စ်နဲ့ ဂိုးသမား နာဗက်စ်တို့ကို အလိုက်ပေးဖို့ စီစဉ်နေတာပဲ ဖြစ်ပါတယ်။ မန်ချက်စတာဘက်က ဒီသတင်းတွေကို တုန့်ပြန်လာတာ မရှိသေးပါဘူး။

မန်ယူဘက်ကတော့ ဒီဂီယာ အသင်းပြောင်းလိုနေတာကြောင့် ဂိုးသမားသစ် ရှာဖွေနေတာပါ။ ဒါပေမယ့် လုပ်ခလစာ မြင့်မားလွန်းတဲ့ ဂါရတ်ဘေးကို ခေါ်ယူလိုစိတ်မရှိဘူးလို့ သိရကာ ပေါ့ဘာရဲ့ အပြောင်းအရွှေ့ကနေ နောက်ထပ် ငွေသား ပေါင် ၄၀ ကိုလည်း အလိုရှိနေတယ်လို့ သိရပါတယ်။