ဒီကနေ့ညနေ မြန်မာစံတော်ချိန် ၆ နာရီမှာတော့ လီဗာပူးအသင်းဟာ ဖူလ်ဟမ်အသင်း အိမ်ကွင်းကို သွားရောက်ပြီး ပရီးမီးယားလိဂ် ခရီးကြမ်းကို စတင်မှာ ဖြစ်ပါတယ်။

Team news

  • အယ်လီဆန် အခြေအနေကောင်းနေပြီလို့ သိရပါတယ်။ ဖူလ်ဟမ်ပွဲအတွက် ပွဲထွက်နိုင်မယ် မျှော်လင့်ရပါတယ်။
  • ကလယ်ဟာ၊ ကိုနတေး၊ ရမ်ဆေး၊ ကိုစတက်၊ ဂျုံး၊ ချိန်ဘာလိန်၊ ဂေါ်ဒန်၊ ဂျိုတာတို့တော့ ဒီပွဲမှာ ပါနိုင်ဦးမှာ မဟုတ်ပါဘူး။
  • သောကြာနေ့ လေ့ကျင့်ရေးမှာ နာဘီကိတ်တာ ပြန်သက်သာလာခဲ့ပေမယ့် ဒီပွဲမှာတော့ အရန်စာရင်းကပဲ ပါဝင်လာဖွယ် ရှိပါတယ်။
  • ဖာမင်နိုကို ပွဲထွက်လူစာရင်း ရွေးချယ်ရေး ခေါင်းကိုက်အောင် ပိုလုပ်ပေးဖို့ ကလော့ပ်က တိုက်တွန်းခဲ့ပါတယ်။

Liverpool’s XI vs. Fulham

ပရီးမီးယားလိဂ် အဖွင့်ပွဲအတွက် လီဗာပူးအသင်းမှာ ဒဏ်ရာ ပြဿနာတွေ များနေတယ်ဆိုပေမယ့် ဒီပွဲအတွက်တော့ လုံလောက်ပါတယ်။ ဒီပွဲအပြီး နောက်ထပ် ၁၀ ရက်ကြာမှာ အမှတ်ပေးပွဲ ပြန်ပြီး ယှဉ်ပြိုင်ရမှာမို့ တောင့်တင်းတဲ့ ပွဲထွက်လူစာရင်းကို ထုတ်သုံးလာဖို့ ရှိပါတယ်။

ဒီကနေ့ လူစာရင်းအတွက် တစ်ခုတည်းသော မေးခွန်းကတော့ အထောင်တိုက်စစ်နေရာ ဘော်ဘီနဲ့ ပွဲထွက်မလား၊ နူးညက်စ်နဲ့ ပွဲထွက်မလားဆိုတဲ့ မေးခွန်းပါပဲ။ အခြား ခေါင်းကိုက်စရာ မရှိပါဘူး။

ဂိုးသမားနေရာ အယ်လီ၊ ညာအစွန် ထရန့်၊ ဘယ်အစွန် ရိုဘိုအပြင် ဗဟိုခံစစ်နေရာမှာ ဗန်ဒိုက်နဲ့ မာတစ်တို့ ပွဲထွက်မှာပါ။ ကွင်းလယ်ကတော့ အတောင့်တင်းဆုံးအဖြစ် ဖာဘင်ညို၊ ဟန်ဒါဆန်၊ သီယေဂိုအတွဲ ဖြစ်ပါလိမ့်မယ်။ ဒုတိယပိုင်းမှာ ပွဲရလဒ် အခြေအနေအရ ဟာဗေး၊ ကိတ်တာ၊ ကာဗာရိုတို့ကို ထည့်ကစားမှာပါ။

တိုက်စစ်အတွက်ကတော့ ဘယ်ခြမ်းမှာ ဒီယက်စ်၊ ညာခြမ်းမှာ ဆာလာကို ဘယ်သူနဲ့ တွဲပေးမလဲဖြစ်ပါတယ်။ ဒီပွဲမှာ လီဗာပူးအသင်းက ဘောလုံးကို ပိုကြာကြာ ကိုင်ထားရမှာပါ၊ ပွဲချိန် မိနစ်အများစုက ဖူလ်ဟမ်အသင်းကွင်းဘက်မှာ ရှိနေမှာဖြစ်ပါတယ်။ ဒီအနေအထားက နူးညက်စ်နဲ့ သင့်လျော်မလား၊ ဘော်ဘီနဲ့ သင့်လျော်မလား ကလေ့ပ် ရွေးချယ်ရမှာပါ။

တိုက်စစ်မှူး နှစ်ဦးလုံးက ဒီပွဲအတွက် အဆင်သင့်ဖြစ်နေတာကို ကလော့ပ်က ဝန်ခံထားပါတယ်။ ဖူလ်ဟမ်နဲ့ပွဲမှာ ပွဲထွက်ရမယ်ဆိုရင် ဒီယက်စ်အတွက် လီဗာပူးကစားသမားဘဝ ပထမဆုံးသော တရားဝင်ပွဲတစ်ပွဲကို ပွဲထွက်ရမှု ဖြစ်လာပါလိမ့်မယ်။