ဒီအပတ် လီဗာပူးအသင်းရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်အတွက် ပေါမာဆန်ရဲ့ ခန့်မှန်းချက်တွေ ထွက်လာပါပြီ။

ဘုန်းမောက် v လီဗာပူး

ဘုန်းမောက်ဟာ ဒီနောက်ပိုင်း အပတ်တွေမှာ ကောင်းပါတယ်။ လွန်ခဲ့တဲ့ အပတ်တွေမှာဆိုရင် ဘုန်းမောက်အနေနဲ့ လီဗာပူးကို အနိုင်ရဖို့တောင် စိတ်ကူးယဉ်လို့ ရလောက်ပါတယ်။

ဒါပေမယ့် လီဗာပူးက မန်ယူနိုက်တက်ကို ၇-၀ နဲ့ အနိုင်ရခဲ့ပြီး ထိပ်ဆုံးလေးသင်း ပြိုင်ပွဲထဲ ဝင်ရောက်လာပါပြီ။ ပွဲတွေရဲ့ အချိန်ကိုက်မှုက အရေးကြီးတယ်ဆိုတဲ့ သက်သေပါပဲ။

သုံးလေးနှစ်လောက် အချိန်အတွင်း ပထမဆုံးအကြိမ် အဖြစ် ယူနိုက်တက်နဲ့ပွဲမှာ လီဗာပူးကို သိပ်ပြီး မမျှော်လင့်ခဲ့ကြပါဘူး။ ဒါကြောင့် အန်ဖီးမှာ ၇ဂိုးပြတ် ရလဒ်ဟာ မယုံနိုင်စရာ ရလဒ် ဖြစ်ခဲ့တာပါ။

ဘုန်းမောက်ကလည်း အာဆင်နယ်နဲ့ပွဲမှာ ကောင်းခဲ့ပါတယ်။ နောက်ဆုံးမိနစ်ဂိုးနဲ့ကျမှ ရှုံးသွားလို့ သူတို့ ခံပြင်းနေမှာပါ။ လီဗာပူးရဲ့ တိုက်စစ်သုံးယောက်က စပြီး အခြေကျလာပါပြီ။ ယုံကြည်မှုဆိုတာ အရေးကြီးတဲ့အရာပါ။ ဂက်ပို၊ နူညက်၊ ဆာလာတို့ သုံးယောက်ဟာ အများကြီး ပိုကောင်းလာပါပြီ။

ယူနိုက်တက်ကို အနိုင်ရတဲ့ပွဲက သူတို့အတွက် ယုံကြည်မှု မြင့်တက်လာစေမှာ အမှန်ပါပဲ။ ဆာလာဟာ ပရီးမီးယားလိဂ်ခေတ်မှာ လီဗာပူးရဲ့ အကောင်းဆုံး တိုက်စစ်မှူး ဖြစ်နိုင်ပါတယ်။ သူက ညာတောင်ပံမှာ ကစားပြီး မယုံကြည်နိုင်စရာ ဂိုးအရေအတွက်ကို ရခဲ့တာဖြစ်ပါတယ်။ ဆွာရက်ဇ်ထက်တောင် အကြာကြီး ခြေစွမ်းပြခဲ့တာပါ။

ပေါမာဆန် ခန့်မှန်းရလဒ်။ ။ ဘုန်းမောက် ၂-၀ လီဗာပူး