တရားဝင် အတည်ပြုမှုတွေ မထုတ်ပြန်ရသေးပေမယ့် ယူနိုက်တက်နဲ့ ဒန်နီရယ်ဂျိမ်းကြား အပြောင်းအရွှေ့ သဘောတူညီမှု ရခဲ့ပြီဖြစ်တယ်။ ဝေလ်း ကစားသမားဟာ ပေါင် ၁၈ သန်းရောက်မယ့် သဘောတူညီမှုနဲ့အတူ မန်ချက်စတာကို ပြောင်းလာမှာ ဖြစ်ပါတယ်။

ဒန်နီရယ်ဂျိမ်းက ဆွမ်ဆီးမှာ ပုံမှန်အားဖြင့် တစ်ပတ်ကို လုပ်ခ ပေါင် ၄၀၀၀ ရရှိနေပြီး ယူနိုက်တက်နဲ့ အပြောင်းအရွှေ့ သဘောတူညီမှုမှာ ဆုကြေးတွေ အပါအဝင် တစ်ပတ်ကို ပေါင် ၆၇၀၀၀ ထိ တိုးမြင့် ရရှိမှာဖြစ်ပါတယ်။

ဗလင်စီယာအသင်းဟာ မန်ချက်စတာ ယူနိုက်တက်ထံမှ ဒါမီးယန်းကို ဒီနွေမှာ ခေါ်ယူနိုင်ဖို့ ရေပန်းစားနေပါတယ်။ အသက် ၂၉ နှစ်အရွယ် ခံစစ်မှူးကို ဂျူဗင်တပ်၊ ရိုးမား၊ အင်တာတို့ကလည်း စိတ်ဝင်စားနေပြီး ယူနိုက်တက်က ပေါင် ၈ သန်းခန့်နဲ့ ကစားသမားကို လက်လွှတ်ဖွယ် ရှိပါတယ်။

မန်ယူနဲ့ စပါး တို့က ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ သတင်းများကြောင့် စိတ်လှုပ်ရှားမိကြောင်း လက်စတာမှ ဘယ်လ်ဂျီယံ ကွင်းလယ်သမား တိုင်လီမန်းစ်က ၀န်ခံပြောကြားလိုက်ပါတယ်။

မန်ယူမှာ ဆက်ရှိဖို့ မရေမရာ ဖြစ်နေဆဲ့ ဂိုးသမား ဒီဂီယာကို ပီအက်စ်ဂျီကလည်း ပြောင်းရွှေ့ကြေး ပမာဏကြီးကြီး ပေးကာ ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။ ဘူဖွန် ထွက်ခွာသွားတာကြောင့် ပီအက်စ်ဂျီကလည်း စပိန်သားကို အရခေါ်ယူရန် စိတ်အားထက်သန် နေတာပါ။

မန်ယူ နည်းပြ ဆိုးရှားက ၄င်းဟာ ဒေါ့မွန်မှ တောင်ပံတိုက်စစ်သမား ဆန်ချိုနဲ့ ဝက်စ်ဟမ်းကွင်းလယ်လူ ဒီကလန်ရိုက်တို့ကို ခေါ်ယူခဲ့ချင်ပေမယ့် မဖြစ်နိုင်တော့ကြောင်း ၀န်ခံစကား ဆိုလိုက်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်၊ လီဗာပူး၊ အာဆင်နယ်နဲ့ ဘာစီလိုနာတို့ဟာ လိုင်ယွန်တိုက်စစ်မှူး မိုဆာ ဒမ်ဘီလီကို ခေါ်ယူဖို့ အပြိုင်အဆိုင် ဖြစ်နေကြပြီး ယူနိုက်တက်ကတော့ အလေးအသာဆုံး ဖြစ်နေကြောင်း ပြင်သစ် သတင်းများမှာ ပါရှိလာပါတယ်။