အင်္ဂလန်နည်းပြ ဆောက်ဂိတ်ကတော့ သူနဲ့ လက်ထောက်နည်းပြဖြစ်သူတို့ ချယ်ဆီးအသင်း မန်နေဂျာရာထူးအတွက် ရေပန်းစားနေမှုကို ငြင်းဆန်သွားပါတယ်။

ဆောက်ဂိတ်က ” အခုအချိန်မှာ ကျွန်တော်ဟာ လက်ရွေးစင်အသင်းကို ထားပြီး ကလပ်အသင်း တသင်းကို ကိုင်တွယ်ဖို့ မဖြစ်နိုင်ပါဘူး။ အင်္ဂလန်အသင်းကို လာမယ့် ယူရို ၂၀၂၀ ပြိုင်ပွဲထံ အရောက်ပို့ပေးနိုင်ဖို့ပဲ ကျွန်တော့ စိတ်ထဲမှာ ရှိနေပါတယ်။ ခြေစစ်ပွဲအောင်ဖို့ အစွမ်းကုန် ကြိုးစားပေးချင်ပါတယ်။

ကျွန်တော့ အနေနဲ့ အသင်း စည်းလုံးမှု ပြိုကွဲဖို့ အသင်းတွေရဲ့ ကမ်းလှမ်းမှုကို ဘာလို့များ လက်ခံရမှာလဲ ? ကျွန်တော် အာရုံစိုက်နေတဲ့ တခုတည်းသော အရာက အင်္ဂလန်အသင်း အကောင်းဆုံးရလဒ်တွေကို ပိုင်ဆိုင်နိုင်ဖို့ပါ ” လို့ ဆိုသွားခဲ့ပါတယ်။

ချယ်ဆီးအသင်းဟာ နည်းပြဆောက်ဂိတ်နည်းသူ လက်ထောက်နည်းပြ စတိဗ် ဟော်လန် ကိုလည်း မန်နေဂျာသစ်အတွက် စိတ်ဝင်စားနေပါတယ်။ ဒါပေမယ့်လို့ နည်းပြ ဆောက်ဂိတ်က ငြင်းဆန်ခဲ့ပါသေးတယ်။

ဆောက်ဂိတ်က ” စတိဗ်ဟာ အနာဂတ်မှာ ကလပ်အသင်း မန်နေဂျာ ရာထူးကို အရယူပြီး အသင်းတသင်းကို အကောင်းဆုံး ကိုင်တွယ်နိုင်ပါလိမ့်မယ်။ အခုအချိန်ဟာ သူ့အတွက် ကလပ်အသင်း တစ်သင်းရဲ့ မန်နေဂျာဖြစ်သင့်တဲ့ အချိန်လို့ မထင်ပါဘူး။

သူဟာ အင်္ဂလန် လက်ရွေးစင် အသင်းအတွက် အကောင်းဆုံး ပေးဆပ်နေသလို ကျွန်တော်တို့ဟာ အသင်း ကို ယူရို ၂၀၂၀ ပြိုင်ပွဲကို အရောက်ပို့ဖို့ အကြောင်းကိုပဲ အာရုံစိုက်နေပါတယ် ” လို့ ဆိုခဲ့ပါတယ်။