ကလပ်အသင်းနဲ့ လက်ရွေးစင်ပွဲတွေ ပြီးဆုံးခဲ့တဲ့နောက် ကစားသမားတွေက အားလပ်ရက်တွေ ရခဲ့ပေမယ့် ကစားသမား တစ်ဦးအတွက် ချီးကျူးမှုတွေကတော့ အဆုံးမသတ်သေးပါဘူး။ သူကတော့ အင်္ဂလန်ညာအစွန်လူ အာနိုးပဲဖြစ်ပါတယ်။

အသက် ၂၀ အရွယ် အစွန်လူဟာ လက်ရွေးစင်အသင်းမှာ အရမ်း အာရုံစိုက်ခံရသူ မဟုတ်ခဲ့သေးပေမယ့် ဆွစ်ဇလန်နဲ့ပွဲက ပြသခဲ့တဲ့ ခြေစွမ်းတွေကြောင့် အင်္ဂလန်နဲ့ လီဗာပူးကစားသမားဟာ ကောင်းမွန်တဲ့ ဘောလုံးရာသီကို ထိုက်တန်စွာ ပိုင်ဆိုင် ထားသူလို့ ဂရုစိုက်ခြင်း ခံလာခဲ့ရတယ်။

ဆွစ်ဇလန်နဲ့ပွဲမှာ အာနိုးဟာ ဖြတ်တင်ဘော ၁၈ ကြိမ် ပြုလုပ်ခဲ့ပြီး ဒါဟာ ၂၀၀၉ ခုနှစ်က အန်ဒိုရာပွဲမှာ အင်္ဂလန်ရဲ့ ဖြတ်တင်ဘောမာစတာကြီး ဒေးဗစ်ဘမ်ခမ်း လုပ်နိုင်ခဲ့တဲ့ ၁၉ ကြိမ်ထက် တစ်ကြိမ်ပဲ လျော့နည်းပါတယ်။ ဒါကြောင့် အင်္ဂလန်မီဒီယာတွေက မန်နေဂျာ ဆောက်ဂိတ်က ဖြတ်တင်ဘောမာစတာလစ်တစ်ဦး ရှာတွေ့ခဲ့ပြီလို့ ထုတ်ဖော်နေကြတာပါ။

ဆောက်​ဂိတ်​က “ အာနိုးက ကစားဟန်နေရာတွေနဲ့ ခံစစ်​ပိုင်း စွမ်းရည်တွေမှာ တိုးတက်လိုဖို့ လိုအပ်​​နေ​ပါသေးတယ်။ သူဟာ အရမ်းကို တို​တောင်းတဲ့ ကစားသမား ဘဝမှာတင်​ အ​တွေ့အကြုံ​ကြီးတွေကို ပိုင်ဆိုင်နေပြီး လမ်းကြောင်းမှန်မှာ ရှိနေသူပါ။

အာနိုးက ကိုယ်​ပိုင်ဟန်​ရှိသလို သူရဲ့ ဖြတ်​တင်​​ဘော ​ပေးပို့နိုင်စွမ်းရည်က အရမ်း​ကောင်းပါတယ်​။ သူဟာ သူ့ရဲ့  ​ဘောလုံး ​ပေးပို့နိုင်စွမ်းကိုလည်း ယုံကြည်​မှုရှိတယ်​။ တည်ကန်ဘောတွေနဲ့ ဖြတ်တင်ဘောတွေမှာ သူအကောင်းဆုံး လုပ်နိုင်မှုဟာ အင်္ဂလန်အတွက် ​ကောင်းမွန်​တဲ့ လက်​နက်​ကောင်းတစ်​ခု ဖြစ်​လာပါမယ်​” လို့ ဆိုခဲ့တယ်။

မနှစ်ကရာသီ လီဗာပူးအသင်းအတွက် ဂိုးထောက်ပံ့မှု ၁၅ ကြိမ် ပြုလုပ်နိုင်ခဲ့တဲ့ ထရန့်ဟာ ဆွစ်ဇလန်နဲ့ပွဲမှာ သူ့ရဲ့ ထိရောက်တဲ့ တိုက်စစ် ပံ့ပိုးမှုကို အသေအချာပြသခဲ့တာဖြစ်ပြီး အင်္ဂလန် ညာခြမ်းအတွက် သတိပြုစရာ ဖြစ်ခဲ့ပါတယ်။

အာနိုးဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို နှစ်ကြိမ်ဆက် တက်ရောက်ထားနိုင်တဲ့ အသက်အငယ်ဆုံး ကစားသမားအဖြစ်လည်း မှတ်တမ်း ဝင်ထားသူ ဖြစ်ပါတယ်။