စီးရီးအေကလပ် အေစီမီလန်အသင်းဟာ ပရီးမီးယားလိဂ်ကလပ် လီဗာပူးအသင်းမှ ခံစစ်မှူး လိုဗရန်ကို ခေါ်ယူနိုင်ဖို့ စိတ်ဝင်စားလာနေပါတယ်။

အေစီမီလန်အသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့် လွဲချော်ခဲ့တဲ့နောက် နည်းပြ ဂတ်တူဆိုကို ရာထူးကနေ ထုတ်ပယ်ထားခဲ့တာပါ။ လာမယ့်ရာသီအတွက် ပြင်ဆင်မှုတွေ ပြုလုပ်ဖို့ အစီအစဉ်တွေ ချမှတ်နေတဲ့ စီးရီးအေကလပ်ဟာ လီဗာပူးခံစစ်မှူးကို ခေါ်ယူဖို့ စိတ်ဝင်စားလာနေပါတယ်။

ချန်ပီယံလိဂ် ဗိုလ်လုပွဲကို နှစ်ကြိမ်ဆက် တက်ရောက်နိုင်ခဲ့သလို ကမ္ဘာဖလား ဗိုလ်လုပွဲကို ခရိုအေးရှားနဲ့ တက်ရောက်ထားနိုင်တဲ့ လိုဗရန်ဟာ ပြီးခဲ့တဲ့ရာသီ ဒုတိယရာသီဝက်မှာ ပုံမှန်ပွဲထွက်ခွင့်မရပဲ ကြံ့ခိုင်မှုပြသနာတွေနဲ့ ရင်ဆိုင်ထားရသူဖြစ်တယ်။

လိုဗရန်ဟာ လီဗာပူးခံစစ်မှာ အသင်းဖော်တွေဖြစ်တဲ့ ဂိုးမက်စ်၊ မာတစ်နဲ့အတူ ဗန်ဒိုက်နဲ့ တွဲဘက်တစ်နေရာရဖို့ ရုန်းကန်ရဖို့ ရှိနေသူပါ။ ၂၀၁၄ ခုနှစ်မှာ ဆောက်တမ်တန်ကနေ ပေါင် သန်း ၂၀ နဲ့ ပြောင်းလာခဲ့တဲ့ အသက် ၂၉ နှစ်အရွယ် ခံစစ်မှူးကို အေစီမီလန်ဘက်က ပုံမှန်ပွဲထွက်ခွင့်နဲ့ ကမ်းလှမ်းလိုနေတာဖြစ်တယ်။

လိုဗရန် အနေနဲ့ ချန်ပီယံလိဂ်ကို အနိုင်ရခဲ့ပြီးဖြစ်လို့ စိတ်ခေါ်မှုအသစ်တွေအတွက် နယ်မြေသစ်တွေကို ပြောင်းရွှေ့ဖို့ စဉ်းစားလာဖွယ် ရှိနေပါတယ်။