CIES ဟာ ဥရောပထိပ်သီး ကစားသမားတွေရဲ့ ဈေးကွက်တန်ကြေးတွေကို ထုတ်ပြန်လာခဲ့ရာမှာ ဘရာဇီးနဲ့ ပြင်သစ် အသင်းသား နေမာရဲ့ ပြောင်းရွှေ့ကြေးက အံ့သြဖွယ် ထိုးကျလာနေတာကို မြင်တွေ့လာရပါတယ်။

၂၀၁၉ အစပိုင်းမှာတုန်းက CIES ရဲ့ စစ်တမ်းမှာ နေမာရဲ့ တန်ကြေးဟာ ယူရို ၂၁၃ သန်း အထိရှိခဲ့ပေမယ့် ဇွန်လ ရောက်ရှိလာချိန်မှာ ဘရာဇီးသားရဲ့ တန်ကြေးဟာ ယူရို ၁၂၀ သန်းမှ ၁၅၀ သန်း အတွင်းမှာသာ ရှိတယ်လို့ ဖော်ပြမှုတွေ ထွက်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီမှာ ပီအက်ဂျီအသင်းပွဲစု ကစားခဲ့ရတဲ့ ပွဲစုစုပေါင်းရဲ့ ၅၂ % ကိုသာ ပါဝင်ကစားပေးနိုင်ခဲ့တဲ့ နေမာဟာ စွမ်းဆောင်ရည်ကျဆင်းမှုနဲ့ ဒဏ်ရာပြသနာတွေ မကြာခဏ ရင်ဆိုင်လာနေရတယ်။ နေမာဟာ မကြာခင် ယှဉ်ပြိုင်သွားရမယ့် ကိုပါအမေရိကဖလားပြိုင်ပွဲကိုလည်း ခြေကျင်းဝတ် ဒဏ်ရာကြောင့် လွဲချော်ခဲ့ရ ဖြစ်ပါတယ်။

နေမာဟာ ပြီးခဲ့တဲ့ ၂၀၁၈-၁၉ ဘောလုံး ရာသီမှာ စည်းကမ်းပိုင်းဆိုင်ရာ ပြသနာတွေ ဖြစ်ခဲ့ပြီး မေလကုန်မှာတော့ ဘရာဇီးအသင်း တာဝန်ရှိသူတွေက ၄င်းကို ဘရာဇီးအသင်းရဲ့ အသင်းခေါင်းဆောင် အဖြစ်ကနေ ဖယ်ရှားပြီး ၀ါရင့် ကစားသမား အဲဗက်စ်ကို လွဲပြောင်း ပေးခဲ့ပြီဖြစ်ပါတယ်။

ကတ်တလန်ကလပ် ဘာစီလိုနာဟာ ပြင်သစ်ချန်ပီယံ ပီအက်ဂျီအသင်းက ၎င်းတို့ ကစားသမားဟောင်း ဖြစ်သူ နေမာ့ကို ပြန်လည် ခေါ်ယူဖို့ ချိတ်ဆက်နေသလို၊ ရီးရဲလ်မက်ဒရစ်ဘက်ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်နေဆဲ ဖြစ်ပါတယ်။