လာမယ့် ဘောလုံးရာသီ အတွက် ပရီးမီးယားလိဂ် ပွဲစဉ်ဇယားများ ထွက်ပေါ်လာရာ အာဆင်နယ်အသင်းက အဖွင့်ပွဲစဉ်မှာ နယူးကာဆယ် နဲ့ တွေ့ဆုံနေပြီး သြဂုတ်လ ၁၁ ရက်နေ့မှာ စိန့်ဂျိမ်းပါ့ခ်သို့ သွားရောက် ကစားရမှာ ဖြစ်ပါတယ်။

၂၀၁၉-၂၀ ရာသီအတွက် အာဆင်နယ် အသင်းရဲ့ နောက်ရာသီ ပရီးမီးယားလိဂ် ပွဲစဉ်ဇယား အပြည့်အစုံကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ဈေးကွက်ထဲမှာ ကွင်းလယ်ဖန်တီးရှင် ကစားသမားတစ်ဦး ခေါ်ယူဖို့ ပစ်မှတ်ထားခဲ့ပြီ ဖြစ်ပါတယ်။ ၄င်းကတော့ ရိုးမားအသင်းမှ အသက် ၂၂ နှစ် အရွယ် ကွင်းလယ်ကစားသမား လိုရန်ဇို ပယ်လီဂရီနီ ဖြစ်ပြီး ၄င်းကို စပါး၊ အေစီနဲ့ အင်တာမီလန်တို့ ကလည်း စိတ်ဝင်စားနေတာပါ။

ပေါင် ၂၇ သန်းတန် ကွင်းလယ်ကစားသမား လိုရန်ဇို ပယ်လီဂရီနီကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်ထားပေမယ့် အာဆင်နယ်ဟာ ဒီနွေမှာ နည်းပါးတဲ့ အပြောင်းအရွှေ့ စရိတ်သာ ခွင့်ပြုထားတာကြောင့် အရစ်ကျ ပေးချေရန် ညှိနှိုင်းလိုနေပါတယ်။

အာဆင်နယ် ဟာ ဂီတာဖေးအသင်းမှ ခံစစ်မှူး ဒါကိုနမ်ကို ခေါ်ယူဖို့ အကျိတ်အနယ် ဆွေးနွေးနေဆဲဖြစ်ပါတယ်။ ဂီတာဖေးအသင်းက တိုဂိုလက်ရွေးစင် ကစားသမားအတွက် တန်ကြေး ယူရို ၃၅ သန်း (ပေါင် ၃၁.၁၅ သန်း) အလိုရှိနေပါတယ်။

ပြီးခဲ့တဲ့နွေကမှ လန်ဒန်ရောက်လာပြီး အာဆင်နယ်မှာ တစ်နှစ်သာ ရှိသေးတဲ့ ကွင်းလယ်ကစားသမား လူကပ်တော်ရဲရားက အင်္ဂလန်ထက် အီတလီမှာ ပိုပျော်ရွှင်ကြောင်း ၀န်ခံစကား ဆိုလိုက်ပါတယ်။ ၄င်းကို စီးရီးအေကလပ် အေစီမီလန်ကလည်း ခေါ်ယူဖို့ ကြိုးစားနေတာကြောင့် ဥရုဂွေးသားက အပြောင်းအရွှေ့အတွက် တံခါးဖွင့်ပေးလိုက်ခြင်းလားလို့ ယူဆစရာပါ။

အာဆင်နယ်အသင်းဟာ စိန့် အီတီနီအသင်းထံမှ လူငယ် ခံစစ်မှူး ဆာလီဘာကို ခေါ်ယူဖို့ ကြိုးပမ်းမှုဟာ နောက်ဆုံးအဆင့် ဆွေးနွေးမှုတွေ ထိ ရောက်နေပြီ ဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် ပြောင်းရွှေ့ကြေး ညှိနှိုင်းမှုကတော့ သဘောတူညီမှု မရသေးဘူးလို့ ဆိုပါတယ်။

အာဆင်နယ်ခံစစ်မှူး ချမ်ဘာကို စီးရီးအေကလပ် လာဇီယို အသင်းက ပေါင် ၁၃သန်းခွဲနဲ့ ခေါ်ယူဖို့ ကြိုးပမ်းလာပါတယ်။ ချမ်ဘာဟာ ပြီးခဲ့တဲ့ ရာသီက ဖူလ်ဟမ်မှာ အငှားသွားရောက်ကစား ခြေစွမ်းပြခဲ့ပြီး အသင်း တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု ပါ ရရှိထားပါတယ်။