၂၀၁၉-၂၀ ဘောလုံးရာသီ အတွက် ပရီးမီးယားလိဂ် ပွဲစဉ်ဇယားများ ထွက်ပေါ်လာရာ မန်ချက်စတာယူနိုက်တက်က အဖွင့်ပွဲစဉ်မှာတင် ချယ်ဆီးအသင်းနဲ့ တွေ့ဆုံနေပြီး သြဂုတ်လ ၁၁ ရက်နေ့ အိုးထရက်ဖို့ဒ်မှာ ဧည့်ခံကစားမှာ ဖြစ်ပါတယ်။

မန်ယူအသင်းရဲ့ နောက်ရာသီ ပရီးမီးယားလိဂ် ပွဲစဉ်ဇယား အပြည့်အစုံကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

မန်ယူ တိုက်စစ်မှူး လူကာကူဟာ နောက်ရာသီမှာလည်း ၄င်းက အရန်တိုက်စစ်မှူး အဖြစ်သာ ဆက်ရှိမှာ ဖြစ်ကြောင်း အကြောင်းကြား ခံရပြီးနောက် အသင်းကနေ ထွက်ခွာလိုကြောင်း ပေါ်ပေါ်ထင်ထင် ပြသလာခဲ့ပါတယ်။

မန်ယူ ကွင်းလယ်ကစားသမား မာတာကို တူရကီကလပ်အသင်းတွေ ဖြစ်တဲ့ ဖီနာဘာချီနဲ့ ဂါလာတာစာရေးတို့က ခေါ်ယူလိုနေပါတယ်။ မန်ယူ အသင်း ဘက်က မာတာကို တစ်နှစ် သက်တမ်းတိုး စာချုပ် ကမ်းလှမ်းထားပေမယ့် စပိန်သားက လက်မခံသေးဘဲ ရှိနေကာ ၄င်းကို ဘာစီလိုနာကလည်း ခေါ်ယူလိုနေပါတယ်။

မန်ယူအသင်းဟာ ပေါ့ဘာကိုသာ ဂျူဗင်တပ်အသင်းထံ ရောင်းချခဲ့ရရင် ပေါင် (၄၄)သန်းတန် ညာနောက်ခံလူ ကန်ဆယ်လိုကို ပြောင်းရွှေ့ကြေးထဲ အလိုက်ပေး ခေါ်ယူထားလိုနေပါတယ်။

မန်ချက်စတာယူနိုက်တက် ကွင်းလယ်ကစားသမား ပေါ့ဘာက ၄င်းရင်ဆိုင်ဖူးသမျှထဲ အခက်ခဲဆုံးပြိုင်ဘက်ဟာ ၄င်းရဲ့ ပြင်သစ် အသင်းဖော်၊ ချယ်ဆီးကွင်းလယ်ကစားသမား ကန်တေ ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

မန်ယူအသင်းဟာ ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ အလွန် နီးစပ်နေတဲ့ အက်သလက်တီကို တိုက်စစ်မှူး ဂရစ်စမန်းကို ပေါင် (၉၅)သန်းနဲ့ ကြားဖြတ် ခေါ်ယူဖို့ ကြိုးစားလာပါတယ်။

ဘင်ဖီကာ ကွင်းလယ်တိုက်စစ်သမား ဂျိုအာ ဖိလစ်ကို ခေါ်ယူဖို့ အက်သလက်တီကို မက်ဒရစ်အသင်းကလည်း လှုပ်ရှားလာခဲ့ပြီ ဖြစ်ကြောင်း သိရပါတယ်။ အသက် ၁၉ နှစ်အရွယ် ပေါ်တူဂီသားရဲ့ စာချုပ်ပါ ဖျက်သိမ်းကြေးက ပေါင် ၁၀၅ သန်း ဖြစ်ပြီး ၄င်းရဲ့ အေးဂျင့်ဖြစ်သူက ဖိလစ်ကို မန်ချက်စတာကလပ်များအား ငြင်းပယ်ကာ အက်သလက်တီကိုထံ သွားဖို့ ရွေးချယ်စေလိုနေပါတယ်။