ပဲရစ်မှာ မွေးဖွားခဲ့တဲ့ ချယ်ဆီး ကွင်းလယ်ကစားသမား ဘာကာယိုကိုကတော့ တစ်နေ့မှာ သူ့ မွေးဇာတိကို ပြန်ပြီး ပီအက်စ်ဂျီ အသင်း အတွက် ကစားခွင့် ရချင်ကြောင်း ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

ချယ်ဆီး တိုက်စစ်သမား ဟာဇက်ဟာ မက်ဒရစ်မြို့သို့ ရောက်ရှိပြီး ဆေးစစ်မှူခံယူ အောင်မြင်သွားခဲ့ပြီ ဖြစ်လို့ ရီးရဲလ်မက်ဒရစ် သို့ အပြောင်းအရွှေ့ ပြီးစီးခဲ့ပြီ ဖြစ်ကာ တရားဝင် မိတ်ဆက်ကြေငြာသွားပါတယ်။

ချယ်ဆီးနဲ့ ဂျူဗင်တပ် အသင်းတို့ဟာ နည်းပြ ဆာရီရဲ့ အပြောင်းအရွှေ့အတွက် ကလပ် နှစ်သင်းကြား သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ကြောင်း သိရှိ ရပါတယ်။ ဂျူဗင်တပ် အသင်း အနေနဲ့ ဆာရီ အတွက် လျော်ကြေး ပေါင် (၅) သန်း ပေးချေရမှာ ဖြစ်ပြီး ချယ်ဆီးအသင်းကတော့ ဆာရီရဲ့ နေရာမှာ အစားထိုးဖို့ နည်းပြ အတည်မပြုနိုင်သေးပါဘူး။

အသင်းဖော်ဟောင်း လမ်းပတ်ဟာ ချယ်ဆီးအသင်းကို တာဝန်ယူနည်းပြဖို့ အတွက် ရွေးချယ်မှုကောင်း ဖြစ်တယ်လို့ ချယ်ဆီးတိုက်စစ်မှူးဟောင်း ဒရော့ဘာက ထောက်ခံ ပြောဆိုသွားပါတယ်။

လိုက်ပ်ဇစ်အသင်းနည်းပြ ရပ် ရမ်ဂ်နစ်က ချယ်ဆီးအသင်းနည်းပြ ဆာရီနေရာ အစားထိုးမယ့် နည်းပြလောင်း အဖြစ် အံ့အားသင့်ဖွယ် သတင်းထါက်လာပြန်ပါတယ်။ ရမ်ဂ်နစ်က လိုက်ပ်ဇစ်ကို ဘွန်ဒစ်လီဂါမှာ အဆင့် ၃ နေရာ ရောက်အောင် ပို့ဆောင်ပေးထားသူပါ။

ချယ်ဆီးအသင်းဟာ အငှားခေါ်ယူထားတဲ့ ရီးရဲလ်မက်ဒရစ် ကွင်းလယ်ကစားသမား ကိုဗာဆစ်ကို အပြီးသတ် ခေါ်ယူမှု မပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့ပြီ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ် ကစားသမားသစ် အီဒင် ဟာဇက်က ချယ်လ်ဆီးမှာ အသင်းဖော်တွေအဖြစ်ရှိနေခဲ့တဲ့ ကိုဗာဆစ်က တဆင့် မိုဒရစ်ကို ကျောနံပါတ် (၁၀)ကို ပေးနိုင်မလားလို့ ကျီစယ်မေးမြန်းခဲ့ပြီး မိုဒရစ်ဘက်က မပေးနိုင်ဘူးလို့ ငြင်းဆိုခဲ့ကြောင်း ပြောဆိုသွားခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၁၈ နှစ် ဒီလိုရက်မှာ လမ်းပတ်ဟာ ချယ်ဆီးအသင်းကို ပေါင် ၁၁ သန်းနဲ့ ပြောင်းရွှေ့ ရောက်ရှိခဲ့ပါတယ်။