အာဆင်နယ်အသင်းဟာ အားထားရတဲ့ တိုက်စစ်မှူးအတွဲ လာကာဇက်တီနဲ့ အူဘာမီယန်းတို့ နှစ်ဦးကို သက်တမ်းတိုး စာချုပ်သစ်များ ကမ်းလှမ်းဖို့ ဆွေးနွေးမှုတွေ စတင်တော့မှ ဖြစ်ပါတယ်။

အာဆင်နယ် ပစ်မှတ်ထားနေတဲ့ ဘုန်းမောက်တောင်ပံကစားသမား ရိုင်ယန် ဖရေဇာက ၄င်းကို တရားဝင် ကမ်းလှမ်းမှု မရှိသေးကြောင်း ၀န်ခံပြောဆိုလိုက်ပြီး နောက်ရာသီ ဘုန်းမောက်မှာပဲ ဆက်ရှိသွားနိုင်တယ်လို့ ပြောဆိုလိုက်ပါတယ်။

ပရီးမီးယားလိဂ်ကလပ်များ ဖြစ်တဲ့ အာဆင်နယ်၊ ၀ုဗ်နဲ့ လက်စတာအသင်းတို့ဟာ အင်တာမီလန် တိုက်စစ်သမား ပါရီဆစ်ကို ခေါ်ယူဖို့ အပြိုင်အဆိုင် စိတ်ဝင်စားလာပါတယ်။ အင်တာ နည်းပြသစ် ကွန်တီကလည်း လူစာရင်း အပြောင်းအလဲတွေ ပြုလုပ်ချင်နေတာကြောင့် ပါရီဆစ်ကို ရောင်းလိုနေပြီး ယူရို သန်း ၃၀ -၃၅ ၀န်းကျင်နဲ့ ခေါ်ယူနိုင်မှာပါ။

အာဆင်နယ်အသင်းဟာ ပါရီဆစ်ကို ခေါ်ယူဖို့ ကမ်းလှမ်းမှု တစ်ခု ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ အာဆင်နယ်ဟာ ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်း အရွှေ့တည်းက ပါရီဆစ်ကို စိတ်ဝင်စား ခဲ့ခြင်း ဖြစ်ပြီး လက်ရှိ နွေမှာ ထပ်မံ ချဉ်းကပ်လာခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ် နဲ့ လီဗာပူး တို့က ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ တောင်ပံ ကစားသမား ဇီယက် အတွက် အေဂျက်အသင်းက ပြောင်းရွှေ့ကြေးကို ပေါင် သန်း ၃၀ အဖြစ်သတ်မှတ် လိုက်ပြီ ဖြစ်ပါတယ်။

အမ်းမရိတ်ကွင်းထဲမှာ ကြွက်တွေ ထကြွသောင်းကျန်းနေတာကြောင့် အာဆင်နယ်အသင်း ၀န်ထမ်းတွေဟာ ပိုးမွှားထိမ်းချုပ်ရေး သင်တန်း အရေးပေါ် တက်ခဲ့ကြရတယ်လို့ သိရပါတယ်။

အာဆင်နယ် နဲ့ စပါး အသင်းတို့ဟာ ဘာစီလိုနာ အသင်းရဲ့ တောင်ပံ ကစားသမား ဖြစ်သူ မယ်လ်ကွန်ကို ခေါ်ယူဖို့ ကစားသမား ရဲ့ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်း နေကြကြောင်း သိရှိရပါတယ်။