အင်္ဂလန်မှာ အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့ ထုတ်ပြောထားတဲ့ တော်ရဲရားကို အီတလီပြန်ဖို့ သူ့ရဲ့ ချစ်သူဖြစ်သူ Vittoria Repetto က တိုက်တွန်းမှုတွေ လုပ်နေတယ်လို့ သတင်းတွေ ထွက်လာပါတယ်။

တော်ရဲရားရဲ့ ချစ်သူဟာ အီတလီက Genoa မြို့သူဖြစ်ပြီး အင်္ဂလန်မှာ အသားမကျဖြစ်နေပြီး အီတလီပြန်ဖို့ ချစ်သူဖြစ်သူကို တိုက်တွန်းမှုလုပ်နေတာလို့ သိရပါတယ်။ သူတို့စုံတွဲဟာ အင်္ဂလန်ရဲ့ အုံ့ဆိုင်းတဲ့ ရာသီဥတုနဲ့ အသားမကျပဲ နွေးထွေးတဲ့ အီတလီမြေကို လွှမ်းဆွတ်နေကြပါတယ်။

အင်္ဂလန်မှာ နေသားမကျကြောင်း တော်ရဲရားကိုယ်တိုင် ထုတ်ပြန်ခဲ့တဲ့နောက် သူ့ကို ရောင်းထုတ်ဖို့ ကလပ်အသင်း တာဝန်ရှိသူတွေက အလေးအနက် စဉ်းစားလာပြီဖြစ်ကြောင်း သတင်းတွေ ကျယ်ပြန့်လာနေပါပြီ။

အီတလီသတင်းဌာနတွေရဲ့ အဆိုအရ အေစီမီလန်ဘက်က အာဆင်နယ် အမှုဆောင်ချုပ်ဟောင်း ဂါဇီဒစ် ဦးဆောင်ပြီး တော်ရဲရားအတွက် စုံစမ်းမှုတွေ ပြုလုပ်လာခဲ့ချိန်မှာ အာဆင်နယ်ဘက်က ပေါင် ၄၀ သန်းရရင် ရောင်းချမယ်လို့ တုံ့ပြန်ခဲ့ကြောင်း သိရပါတယ်။

အေစီမီလန်ဘက်ကတော့ တော်ရဲရားအတွက် အာဆင်နယ်တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေးအစား ၄င်းတို့ရဲ့ ကစားသမားဖြစ်သူ Kessie ကိုပါ အလိုက်ပေးမယ့် သက်သာတဲ့ ပြောင်းရွှေ့ကြေးနဲ့ ဈေးဆစ်လိုနေပါတယ်။