2019 European Golden Boy ဆု အတွက် ကနဦး ဆန်ကာတင် စာရင်း ထွက်ပေါ်လာရာ လီဗာပူး လူငယ် ကစားသမား ၃ ဦး ပါဝင်နေပါတယ်။ ၄င်းတို့ကတော့ ထရန့်အလက်ဇန္ဒါး အာနိုး၊ ရာဟင်း ဘရူစတားနဲ့ လူငယ် ဂိုးသမား ဂရာဘာရာတို့ ဖြစ်ပါတယ်။

လီဗာပူး တိုက်စစ်မှူး ဆာဒီယို မာနေးဟာ နိုင်ငံအသင်း ဆီနီဂေါနဲ့ အာဖရိက ဖလား ပြိုင်ပွဲ အဖွင့်ပွဲ စဉ် ဇွန် ၃၀၊ တန်ဇန်နီယားအသင်းနဲ့ ပွဲမှာ ပါဝင် ကစားခွင့် ရမှာ မဟုတ်ပါဘူး။ မာနေးက ခြေစစ်ပွဲစဉ်များမှာ အ၀ါကတ် ၂ ကတ် ထိထားတာကြောင့် ပွဲပယ် ခံရတာ ဖြစ်ပါတယ်။

လီဗာပူးကစားသမားဟောင်းကြီး ဂျွန် အဲဒရစ်ခ်ျက စပါးအသင်းမှ တစ်ပတ် လုပ်ခ ပေါင် ၈ သောင်းသာ ရတဲ့ ဘရာဇီးသား တိုက်စစ်သမား လူးကပ် မော်ရာကို လီဗာပူးအသင်း ခေါ်ယူသင့်ကြောင်း တိုက်တွန်းသွားပါတယ်။

အပြောင်းအရွှေ့ဈေးကွက် သတင်းဌာနရဲ့ ဖော်ပြချက်အရ အန်ဖီးမှာ ကလော့ပ် စကိုင်ခဲ့စဉ်က လီဗာပူးအသင်းဟာ ပေါင်သန်း ၄၀၀ ဝန်းကျင် တန်ကြေးရှိပြီး မက်ဒရစ်မှာ ဘောလုံးလောကရဲ့ အအောင်မြင်ဆုံး ချန်ပီယံလိဂ်ဆုဖလားကို ကိုင်မြှောက်ခဲ့တဲ့ လီဗာပူးအသင်းရဲ့ လက်ရှိတန်ဖိုးက ပေါင် ၁.၁ ဘီလီယံ ရှိကာ ကလော့ပ် လက်အောက်မှာ တန်ကြေး ပေါင်သန်း ၇၀၀ ကျော် တိုးတက်ခဲ့တယ်လို့ သိရပါတယ်။

မန်စီးတီးနဲ့ လီဗာပူးဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ ပရီးမီးယားလိဂ်မှာ ပြိုင်ဆိုင်မှု ပြင်းထန် ခဲ့သလိုပဲ ဘောလုံးရာသီ ပြီးဆုံးချိန်မှာ ကလပ်အသင်း နှစ်သင်းကြား ပြိုင်ဆိုင်မှုက မပြီးဆုံးသေးဘဲ ရှိနေပါတယ်။ နွေရာသီမှာလည်း နိုင်ငံအသင်းမှာ ကလပ်အသင်း ကစားသမားတွေကြား နေရာလုပွဲက ပြင်းထန်နေဆဲပါ။

၂၀၁၈ ကမ္ဘာ့ဖလားမှာ မန်စီးတီးတိုက်စစ်မှူး ဂျေးဆုက စိတ်ပျက်စရာ ကစားပုံတွေ ပြသခဲ့ပြီးနောက် ပြီးခဲ့တဲ့ ၁၂လအတွင်း ဖာမီနိုက ဘရာဇီးရဲ့ ဦးစားပေး တိုက်စစ်မှူး အဖြစ် သုံးဖို့ လက်ရွေးစင်မန်နေဂျာက ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမယ့်လို့ ဂျေးဆုကို တစ်ပွဲကစားချိန် မိနစ် သုံးဆယ် လောက်ပေးဖို့က စဉ်းစားထားဆဲဖြစ်ပါတယ်။

ဘရာဇီးက လက်ခံကျင်းပနေတဲ့ ကိုပါအမေရိကပြိုင်ပွဲမှာ မန်စီးတီး ဂိုးသမား အီဒါဆန်ထက် လီဗာပူး ဂိုးသမား အယ်လီဆန်ကိုပဲ ဦးစားပေး အဖြစ် အသုံးပြုဖို့ လက်ရွေးစင် မန်နေဂျာဖြစ်သူက ဆုံးဖြတ်ထားကြောင်း ဘရာဇီးဘောလုံးအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေက ထုတ်ပြော လာပါတယ်။

လီဗာပူးတိုက်စစ်မှူးဟောင်းကြီး ဂျွန်အဲဒရစ်ခ်ျက ကလပ်အသင်းအား အခြားလိဂ်မှ နာမည်ကျော်တွေထက် ပရီးမီးယားလိဂ်မှ လူးကပ်မော်ရာ၊ ဇာဟာတို့လို့ တိုက်စစ်သမားတွေကိုသာ ခေါ်ယူသင့်တယ်လို့ ထုတ်ဖော် အကြံပေးစကား ဆိုလိုက်ပါတယ်။