ရီးရဲလ်မက်ဒရစ်ဟာ ပေါ့ဘာအတွက် အလိုက်ပေးမှုအဖြစ် ဘေလ်းနဲ့ အစ္စကို တစ်ဦးဦးအား မန်ယူကို ရွေးချယ်ခွင့်ပေးဖို့ ဆန္ဒရှိနေပါတယ်။ မန်ယူဘက်ကတော့ ပေါ့ဘာကို လုံးဝ ထွက်ခွင့်မပေးဖို့ ဆုံးဖြတ်ထားပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ခရစ္စတယ်ပဲလေ့စ် ခံစစ်မှူး ၀မ် ဘစ်ဆာကာ အတွက် ပေါင် သန်း ၅၀ နဲ့ ထပ်မံ ကမ်းလှမ်းခဲ့ပေမယ့် ပဲလေ့စ်ဘက်က ပယ်ချသွားကြောင်း Sky Sports က ဖော်ပြခဲ့ပါတယ်။ ယူနိုက်တက်ဟာ ကနဦး ပေါင် ၃၅ သန်းနဲ့ နောက်ဆက်တွဲ ပေါင် ၁၅ သန်း ပေးအပ်ဖို့ ကမ်းလှမ်းခဲ့တာပါ။

ပဲလေစ့်အသင်းဟာ ညာအစွန်လူ ဝမ်ဘစ်ဆာကာကို ပြောင်းရွှေ့ကြေး မြင့်ထားပြီး ဒုတိယအကြိမ် ကမ်းလမ်းခံရမှုကို ပယ်ချခဲ့ပေမယ့် ကစားသမား ကိုယ်တိုင်က မန်ယူကို ပြောင်းလိုနေတာကြောင့် အစားထိုးဖို့ရာ Timothy Castagne ကိုတော့ စတင်ချိတ်ဆက်နေပါပြီ။

မန်ယူဘက်က ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း ဖော်ပြထားခဲ့တဲ့ ဝက်ဟမ်း ခံစစ်သမား ဒီအော့က စိတ်ဝင်စားခံရမှုတွေ ရရှိနေပေမယ့် ဝက်ဟမ်းမှာပဲ ပျော်နေတယ်လို့ ထုတ်ပြောလာကြောင်း Sky Sports က ဖော်ပြလာပြန်ပါတယ်။

မန်ယူလူငယ်ကစားသမား ဖိုဆူမန်ဆာဟာ အေဂျက်ကွင်းလယ်လူ ဗန်ဒါဘိခ်နဲ့အတူ အားလပ်ရက်မှာ အနားယူနေပါတယ်။ ပရိသတ်တွေဘက်ကတော့ ဗန်ဒါဘိခ်ကို ခေါ်ယူဖို့ရာ ကြားကနေ ဆက်သွယ်ပြီး အေးဂျင့်လုပ်ပေးဖို့ ‘Agent TFM’ ဆိုပြီး တောင်းဆိုနေပါတယ်။

မန်ယူအသင်း အလိုရှိနေတဲ့ ကွင်းလယ်လူ ဖာနန်ဒက်စ်ကို ခေါ်ယူဖို့ရာမှာ ပြိုင်ဘက်အသင်းအဖြစ် လီဗာပူးကလည်း ဝင်ရောက်လာလို့ ကစားသမားရဲ့ ပြောင်းရွှေ့ကြေးက ထပ်တက်လာဖို့ရှိနေတယ်လို့ MEN က ဖော်ပြသွားပါတယ်။

မန်ယူက အလိုရှိနေကြောင်း သတင်းထွက်ထားတဲ့ ဘာစီလိုနာ ကွင်းလယ်လူ ကော်တင်ညိုဟာ ကက်တလန်ကနေ ထွက်ခွာဖို့ အခြေအနေကောင်းနေပေမယ့် မန်ယူကို ပြောင်းရွှေ့ဖို့တော့ မဖြစ်နိုင်ဘူးလို့ သိရပါတယ်။ မန်ယူနဲ့ လီဗာပူးတို့ရဲ့ ပြိုင်ဆိုင်မှုတွေကြောင့် အသင်းဟောင်းကို လေးစားသောအားဖြင့် ပြောင်းမှာ မဟုတ်ကြောင်း Sky Sports က ဖော်ပြပါတယ်။

ပြင်သစ်လီဂူး ၀မ်း ချန်ပီယံ ပီအက်စ်ဂျီအသင်းဟာ ဈေးကွက်ထဲမှာ ကွင်းလယ်ကစားသမား ရှာဖွေနေပြီး မန်ချက်စတာ ယူနိုက်တက် ကွင်းလယ် ပေါ့ဘာဘက်ကို လှည့်လြာ့ပန်ပါတယ်။ ပီအက်စ်ဂျီမှ ရာဘီရော့ဘ် ထွက်ခွာမှာ ဖြစ်လို့ ပေါ့ဘာကို ၄င်း နေရာ အစားထိုး လိုနေတာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ပေါ့ဘာကို ထိန်းထားလိုပေမယ့် ကစားသမားကို ပီအက်စ်ဂျီမှ အတင်းအကျပ် ဝင်ကမ်းလှမ်းရင် နေမာကို တုန့်ပြန်ခေါ်ယူဖို့ ကြိုးစားမယ်လို့ Goal က ဖော်ပြပါတယ်။ ပေါ့ဘာရော နေမာပါ ကြယ်ပွင့် ကစားသမား နှစ်ယောက်လုံးက လက်ရှိကလပ်အသင်းတွေကနေ အသီးသီး ပြောင်းရွှေ့ လိုနေပါတယ်။