အာဆင်နယ်အသင်းဟာ လာမယ့် ဘောလုံးရာသီ ချန်ပီယံလိဂ် ၀င်ခွင့်လွဲချော်ခဲ့တာကြောင့် အပြောင်းအရွှေ့စရိတ် တိုးမရတော့ဘဲ ဈေးကွက်ထဲမှာ ကစားသမားခေါ်ယူဖို့ အခက်ခဲတွေ ရှိနေပါတယ်။ ဂန်းနားတွေ အနေနဲ့ အကျဉ်းအကြပ် ထဲက ပြောင်းလဲမှုတွေ ပြုလုပ်ဖို့ ရောင်းထုတ်သင့်တဲ့ ကစားသမားတွေ ရောင်းထုတ်ကာ လူသစ် ခေါ်ယူဖို့ ငွေကြေး ရှာဖွေသင့်နေပါပြီ။

ဒီနွေမှာ အာဆင်နယ်အသင်း ရောင်းထုတ် လမ်းခွဲသင့်ပြီ ဖြစ်တဲ့ ကစားသမားတွေကို သုံးသပ်ဖော်ပြပေးလိုပါတယ်။

ကိုစီရယ်နီ

အသင်းခေါင်းဆောင် ဗဟိုခံစစ်မှူး ကိုစီရယ်နီက အာဆင်နယ် ရောင်းထုတ်သင့်တဲ့ ကစားသမားတွေထဲ ပါဝင်ပါတယ်။ အသက်အရွယ် အရ အကျပိုင်းကို ရောက်ရှိနေပြီ ဖြစ်သလို ဒဏ်ရာပြဿနာတွေ နှိပ်စက်လွန်းတာကလည်း နောက်ဆက်တွဲ အနေနဲ့ ကြံခိုင်မှု မပြည့်ဝ တာကြောင့် ခံစစ်မှာ ထင်သလောက် မပေါက် ဖြစ်နေပါပြီ။ ၄င်းကို ဒေါ့မွန်အသင်းက ခေါ်ယူဖို့ မျက်စိကျနေပါတယ်။

အိုဇေး

အမ်မရီ တချိန်လုံး စောင့်ကြည့်နေတဲ့ ကစားသမား အိုဇေးက အသင်းမှာ လစာကြီး ပေးထားရပြီး ထိုက်တန်အောင် ခြေစွမ်းပြနိုင်မှု နည်းပါးလာခဲ့ပါတယ်။ စိတ်ဓာတ်ပိုင်း မာကျောမှု မရှိတာရယ် နည်းပြနဲ့ သင့်မြတ်မှု မရှိတာရယ်ကြောင့် အသင်းကနေ ထွက်ခွာရဖို့ အလားအလာ များပြီးသား ကစားသမား ဖြစ်ပါတယ်။ အမ်မရီ အနေနဲ့ အိုဇေးကို အသုံးတည့်အောင် ပေး ကစားမှာ မဟုတ်ရင် လစာ ၀န်ထုတ်ဝန်ပိုး လျော့ကျစေဖို့ရော ငွေပြန်ရှာဖို့ပါ အိုဇေးကို ရောင်းထုတ်လိုက်သင့်ပြီ ဖြစ်ပါတယ်။

အယ်နီနီ

အယ်နီနီက အာဆင်နယ်ကို ရောက်လာတာ သုံးနှစ်ကျော် ပြီ ဖြစ်ပေမယ့် အသင်းအတွက် လောက်လောက်လားလား စွမ်းဆောင် မပြနိုင်သေးပါဘူး။ ဒါကြောင့် အသင်း အနေနဲ့ ကစားသမားသစ်တွေ ခေါ်ယူဖို့ အနည်းငယ် အထောက်အပံ့ရဖို့ပဲ ဖြစ်ဖြစ် အယ်နီနီကို ရောင်းချလိုက်သင့်ပါပြီ။

မူစတာဖီ

မူစတာဖီက အာဆင်နယ်အသင်း ခံစစ် ယိုယွင်းမှုမှာ အဓိက ပါဝင်မှုကြီးလို့တောင် ဆိုရမလိုပါ။ အကောင်းဆုံး ခြေစွမ်းပြသင့်တဲ့ အရွယ် ဖြစ်ပေမယ့် အခြေမကျနိုင်သေးတဲ့ ခံစစ်မှူးကို အာဆင်နယ် ဆက်လက် ပွေ့ပိုက် မထားသင့်ပါဘူး။ ဂျာမန်သားကို အေစီမီလန်က ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး အာဆင်နယ် အနေနဲ့ ကောင်းမွန်တဲ့ အပြောင်းအရွှေ့ ဖြစ်လာအောင် ကြံဆောင်သင့်ပါတယ်။