ဘင်ဖီကာ အသင်းဟာ ကြယ်ပွင့် ကစားသမားလေး ဖီးလစ်အတွက် မန်ယူနဲ့ ရီးရဲလ်မက်ဒရစ် အသင်းတို့ရဲ့ ယူရို ၈၀ သန်းနဲ့ ကမ်းလှမ်းမှုကို ပယ်ချထားခဲ့ပြီး ဆက်ပြီးလည်း ကမ်းလှမ်းနေတဲ့ အသင်းတွေက ဘင်ဖီကာ အလိုရှိတဲ့ ပြောင်းရွှေ့ကြေးကို မပေးသေးဘူးလို့ ထုတ်ပြောလာပါတယ်။

ဘင်ဖီကာက ကစားသမားလေးအတွက် စာချုပ်ဖျက်သိမ်းကြေး ပေါင် ၁၀၅ သန်းကို အလိုရှိနေတာဖြစ်ပြီး ဥရောပ ကလပ်အသင်းတွေက အဆိုပါ ငွေသားတန်းပေးဖို့ကို တွန့်ဆုတ်နေကြဆဲဖြစ်တယ်။

ပြီးခဲ့တဲ့ အပတ်တုန်းက မန်စီးတီးအသင်းနဲ့ ဒီရက်ပိုင်းမှာ တီကိုအသင်း တာဝန်ရှိသူတွေဟာ ဘင်ဖီကာအသင်း တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပေမယ့် အခြားသော အသင်းတွေလိုပဲ ညိနှိုင်းမှုတွေက အောင်မြင်မှု မရထားပါဘူး။

အသက် ၁၉နှစ်အရွယ် ကစားသမားကို မန်ယူနဲ့ မန်စီးတီးအပြင် လီဗာပူး၊ စပါး၊ ရီးရဲလ်မက်ဒရစ်တို့ကပါ ပစ်မှတ်ထားနေပေမယ့် သူ့ရဲ့ ယူရို သန်း ၁၂၀ တန်ကြေးကို ကလပ်အသင်းတိုင်းက ဘဝင်မကျပါဘူး။ ဒါကြောင့်လည်း ကမ်းလှမ်းမှုတွေက ယူရို သန်း ၁၀၀ ကိုယ်တောင် ရောက်မလာသေးတာ ဖြစ်ပါတယ်။

ဘင်ဖီကာဘက်က “ မကြာသေးခင်က ထွက်ရှိနေတဲ့ သတင်းတွေက သတင်းမှားတွေဖြစ်ပါတယ်။ လက်ရှိအချိန်ထိ ဖီလစ်နဲ့ပတ်သက်ပြီး အပြောင်းအရွှေ့ဖြစ်နိုင်တဲ့ ညိနှိုင်းနေမှုတွေ မရှိသေးပါဘူး ” လို့ ၄င်းတို့အသင်းရဲ့ ဝက်ဘ်ဆိုက်ကနေ တရားဝင် ကြေညာသွားပါတယ်။