ချယ်ဆီးအသင်းဟာ တိုက်စစ်သမား ၀ီလီယံအတွက် အက်သလက်တီကိုနဲ့ ဘာစီလိုနာတို့ရဲ့ ပေါင် ၃၅ သန်းနဲ့ ကမ်းလှမ်းမှုတွေကို ပယ်ချထားပါတယ်။

လမ်းပတ်ကို ဆာရီနေရာ အစားထိုး ခန့်အပ်ဖို့ ချယ်ဆီးဘက်က စီစဉ်မှုတွေ ပြုလုပ်နေပေမယ့် ဒါဘီအသင်းဘက်ကတော့ လမ်းပတ်ကို ကာလရှည် ခန့်အပ်သွားဖို့ ရည်ရွယ်ပြီး လက်မလွှတ်လိုကြောင်း ဒါဘီသင်း ပိုင်ရှင် မယ်လ် မောရစ်က ပြောကြားထားပါတယ်။

ချယ်ဆီးလူငယ်တိုက်စစ်သမား Martell Taylor-Crossdale ဟာ ဂျာမနီကလပ် ဟော့ဖန်ဟိန်းနဲ့ ပူးပေါင်းဖို့ သဘောတူညီမှု ရခဲ့တဲ့နောက် ဒီကနေ့မှာပဲ ဂျာမနီကို ဆေးစစ်ဖို့ ထွက်ခွာသွားပြီဖြစ်ပါတယ်။

ဒါဘီဘက်ကတော့ ၄င်းတို့ရဲ့ မန်နေဂျာဖြစ်သူ လမ်းပတ်အတွက် ပရီးမီးယားလိဂ်ကလပ် ချယ်ဆီးဘက်ကနေ ချဉ်းကပ်မှုတွေ လုပ်မလာသေးဘူး လို့ ဆိုပါတယ်။

ချယ်ဆီးကနေ ထွက်ခွာပြီး ဂျူဗင်တပ် ရောက်သွားတဲ့ ဆာရီဟာ ပရီးမီးယားလိဂ်က နာမည်ကျော်နည်းပြတွေ ဖြစ်တဲ့ ကလော့ပ်၊ ဂွာဒီယိုလာ၊ ပိုချက်တီနိုတို့နဲ့ တစ်တန်းတည်း အရည်အချင်းရှိတဲ့ နည်းပြကောင်း ဖြစ်ကြောင်း အေစီမီလန်နဲ့ အီတလီနည်းပြဟောင်း ဆက်ချီက ထောက်ခံလိုက်ပါတယ်။

ဒါဘီ အသင်းဟာ နည်းပြ ဖြစ်သူ လမ်းပတ်သာ ချယ်ဆီး အသင်းကို ပြောင်းရွှေ့ ကိုင်တွယ် ဖြစ်ခဲ့ပါက အက်စတွန်ဗီလာ အသင်းရဲ့ လက်ထောက် နည်းပြ ဖြစ်သူ ဂျွန်တယ်ရီကို ခေါ်ယူရန် ကြံရွယ်နေပါတယ်။