အာဆင်နယ်ဟာ ပရီးမီးယားလိဂ် ပြိုင်ဘက်တွေ ဖြစ်တဲ့ ယူနိုက်တက်၊ ချယ်ဆီးတို့ပါ မျက်စိကျနေတဲ့ ပီအက်စ်ဂျီ ခံစစ်မှူး ကင်ပန်ဘီကို လက်ဦးမှု ရယူပြီး ချိတ်ဆက်နေပါတယ်။ အာဆင်နယ် တာဝန်ရှိသူတွေက ကစားသမားရဲ့ အေးဂျင့်၊ ဖခင်ဖြစ်သူထံ ဆက်သွယ်ပြောဆိုမှုတွေ ပြုလုပ်ထားတယ် လို့ သိရပါတယ်။

အာဆင်နယ် ခံစစ်မှူး ဆိုကရေးတစ်ဟာ ဂရိလက်ရွေးစင်အသင်းမှာ နည်းပြ အန်နာစတာဆီယာဒီ နဲ့ စကား အချေအတင် ဖြစ်ခဲ့ပြီးနောက် နိုင်ငံ လက်ရွေးစင် ကစားသမားဘဝကနေ အနားယူဖွယ် ရှိလာတယ်လို့ သတင်းထွက်လာပါတယ်။

သင့်တော်တဲ့ကမ်းလှမ်းမှုတွေသာ ရှိလာခဲ့ရင် အာဆင်နယ်အသင်းအနေနဲ့ ကွင်းလယ်ကြယ်ပွင့် လူးကပ်စ်တော်ရဲရားကို ရောင်းချသင့်တယ်လို့ တိုက်စစ်မှူးဟောင်း ချာလက်စ်နီကိုးလက်စ်က တိုက်တွန်းခဲ့ပါတယ်။

ကွင်းလယ်ကစားသမား တော်ရဲရားအတွက် ကောင်းမွန်တဲ့ ကမ်းလှမ်းမှုတွေ ရခဲ့ရင် ရောင်းချသင့်ကြောင်း အာဆင်နယ် ကစားသမားဟောင်းကြီး ချာလီ နစ်ကိုးလပ်စ်က အကြံပြု စကား ဆိုခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ လောရီရင့်အသင်း တိုက်စစ်မှူး အဲလက်စဆစ်၊ စိန့်အီတီနီအသင်း ခံစစ်မှူး ဆာလီဘာတို့ နှစ်ဦးနဲ့ ပုဂ္ဂိုလ်ရေး သဘော တူညီမှု ရထားပြီး ဖြစ်ကာ အပြောင်းအရွှေ့ကိစ္စများ မကြာခင် အပြီးသတ်နိုင်လိမ့်မယ်လို့ ယူဆရပါတယ်။

ဒီအပြောင်းအရွှေ့မှာ အာဆင်နယ်၊ စပါး၊ မန်ယူတို့နဲ့ ချိတ်ဆက်မှုတွေ ရှိနေခဲ့တဲ့ ပေါင် သန်း ၆၀ တန် လက်စတာ ကွင်းလယ်ကစားသမား ဂျိမ်းစ် မက်ဒီဆင်ကတော့ ကမ်းလှမ်းမှုများကို စိတ်မ၀င်စားဘဲ လက်ရှိ ကလပ်အသင်းမှာသာ ဆက်နေသွားလိုကြောင်း ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

အာဆင်နယ်အသင်းဟာ လူငယ် U23 အသင်းကို ကိုင်တွယ်နေတဲ့ ကစားသမားဟောင်းကြီး ယွန်းဘတ်ကို အမ်မရီရဲ့ လက်ထောက်နည်းပြ အဖြစ် တာဝန်ယူရန် အသင်းကြီးထံသို့ ခေါ်ယူလိုက်ပြီ ဖြစ်ပါတယ်။

အာဆင်နယ် ရရှိထားတဲ့ အပြောင်းအရွှေ့စရိတ်က အလွန်နည်းပါးနေပြီး ကလပ်အသင်းအတွက် လုံလောက်နဲ့ ပမာဏ မဟုတ်ကြောင်း ဂန်းနားဟောင်းကြီး ရောဘတ် ပီးယာ့စ်က သတိပေးလိုက်ပါတယ်။ အာဆင်နယ်ဟာ သုံးရာသီဆက် ချန်ပီယံလိဂ် ကစားခွင့် လွဲချော်ထားပြီး ကစားသမားသစ်များ ခေါ်ယူရေးမှာ ပိုမို အခက်တွေ့နေပါတယ်။