အာဆင်နယ် ပစ်မှတ်ထားဖူးတဲ့ ပီအက်စ်ဂျီ ကွင်းလယ်ကစားသမား ရာဘီရော့ဟာ ဂျူဗင်တပ်အသင်းထံ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရခဲ့ပြီလို့ သိရပါတယ်။ ရာဘီရော့ဟာ ပီအက်စ်ဂျီနဲ့ စာချုပ်ကုန်ဆုံးပြီ ဖြစ်လို့ ပြောင်းရွှေ့ကြေး အလွတ်နဲ့ ခေါ်ယူနိုင်မှာပါ။

ဒူးဒဏ်ရာ ရှိနေတဲ့ ဘယ်လာရင်က အာဆင်နယ်ရဲ့ လာမယ့် ဘောလုံးရာသီ အစပိုင်းကိုလည်း အချိန်မီသာ သက်သာ ပျောက်ကင်းမလာရင် လွဲချော်ဦးမှာ ဖြစ်ပြီး အာဆင်နယ်ဘက်ကလည်း ဘယ်လာရင်ကို အလောတကြီး ကစားခိုင်းသွားမှာ မဟုတ်ဘူးလို့ သိရပါတယ်။

အာဆင်နယ်အသင်းဟာ ဆဲလ်တစ်အသင်းမှ ပေါင် သန်း ၂၀ တန် ဘယ်ခြမ်းခံစစ်မှူး ကီရန် တိုင်ယာနီကို ခေါ်ယူဖို့ ပစ်မှတ်ထားလာပါတယ်။ အသက် ၂၂ နှစ်အရွယ် ခံစစ်မှူးဟာ အမ်မရီ စိတ်ကြိုက် ကစားသမား ဖြစ်တယ်လို့ သိရပါတယ်။

စပိန်ဘက်ကသတင်းများမှာ အက်သလက်တီကို မက်ဒရစ်အသင်းဟာ အာဆင်နယ်အသင်း ကွင်းလယ် ကစားသမား ဇာခါကို ခေါ်ယူဖို့ ပစ်မှတ် ထားနေကြောင်း ဖော်ပြလာကြပါတယ်။

မန်စီးတီး ကြားဝင်ဖို့ ကြိုးစားလာတာကြောင့် အာဆင်နယ်ဟာ စိန့်အီတီနီ ခံစစ်မှူး ဆာလီဘာကို ခေါ်ယူမှု အပြီးသတ်ရန် အမြန် လုပ်ဆောင်နေပြီလို့ သိရပါတယ်။ ကစားသမားကတော့ အာဆင်နယ်ထံ ပြောင်းလာဖို့ သဘောတူထားပြီ ဖြစ်ပါတယ်။

အာဆင်နယ် ဟာ ကွင်းလယ် ကစားသမား အိုဇေးလ်နဲ့ ခံစစ်မှူး မူစတာဖီတို့ကို ရောင်းချလိုနေသော်လည်း ဝယ်ယူလို ကမ်းလှမ်းလိုတဲ့ အသင်း မရှိတာကြောင့် အခက်တွေ့နေပါတယ်။

အာဆင်နယ်ကွင်းလယ် လူးကပ်စ် တော်ရဲရား ရဲ့ အေးဂျင့်ဖြစ်သူက သူ့ကစားသမားဟာ အေစီမီလန်မှာ နည်းပြဟောင်း မာကို ဂျီယန်ပေါ်လို နဲ့ ပြန်လည် ပေါင်းစည်းဖို့ ကြိုးစားနိုင်တယ်လို့ ပြောဆိုလိုက်ပါတယ်။