မန်ချက်စတာယူနိုက်တက်ဟာ ဘီဆာကာအတွက် တတိယအကြိမ်မြောက် ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပြီးနောက် သဘောတူညီမှု ရရှိခဲ့တယ်လို့ သိရပါတယ်။ မန်ယူဘက်က တတိယမြောက် ကမ်းလှမ်းမှုအဖြစ် ပေါင် ၅၅ သန်း တန်ကြေးရှိတဲ့ အစွန်သမားတစ်ဦးအတွက် စံချိန်တင်ကြေး ကမ်းလှမ်းခဲ့ရတာဖြစ်ပါတယ်။

တိုက်စစ်မှူး လူကာကူက အင်တာမီလန်နဲ့ အပြောင်းအရွေ့ကို နှစ်ပါတ်အတွင်း အပြီသတ်ပေးဖို့ ကလပ်အသင်းကို တောင်းဆိုလိုက်ပါတယ်။ မန်ယူဘက်က လွန်ခဲ့တဲ့ (၂) နှစ်က လူကာကူအတွက် သုံးခဲ့ရတဲ့ ပေါင် (၇၅) သန်းကို ပြန်အလိုရှိနေတာပါ။

ဝက်စ်ဟမ်းဟာ မန်ယူက ခေါ်ယူလိုနေတဲ့ သူတို့ရဲ့ နောက်ခံကစားသမား ဒီအော့ပ်ကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့ လစာတိုးမြင့်မှုတွေ ပြုလုပ်ပါတော့မယ်။ ဒီအော့ပ်ဟာ လက်ရှိမှာ တစ်ပါတ်လစာ ပေါင် (၆၀၀၀၀) ခန့် ရရှိနေသူပါ။

ဂျူဗင်တပ်ဟာ ပေါ့ဘာကို ခေါ်ယူဖို့ မန်ယူဘက်က သတ်မှတ်ထားတဲ့ ပြောင်းရွေ့ကြေးကို လျော့ချနိုင်ဖို့ သူတို့ရဲ့ ကစားသမား ဒေါက်ကလပ်ကော်စတာကိုပါ အလိုက်ပေးကမ်းလှမ်းလိုနေပါတယ်။ ပေါ့ဘာကို ခေါ်ယူဖို့ ရီးရဲမက်ဒရစ်နဲ့ PSG ကလည်း စိတ်ဝင်စားနေပါတယ်။

မန်ယူ နည်းပြဆိုးရှားရဲ့ တောင်းဆိုမှုကြောင့် ကွင်းလယ်ကစားသမား ဂျူအန်မာတာကို သက်တမ်းတိုးစာချုပ် ချုပ်နိုင်ခဲ့ပါပြီ။ မာတာအတွက် စာချုပ်သစ်မှာ နှစ်နှစ်သက်တမ်းတိုးပြီး နောက်ထပ် (၁) နှစ် သက်တမ်းတိုးခွင့်လည်း ပါဝင်ပါတယ်။

မန်ယူဟာ နည်းပြဟောင်း မော်ရင်ညို အကြံပေးခဲ့တဲ့အတိုင်း ကစားသမားသစ်တွေကို ခေါ်ယူဖို့ ကြိုးစားနေတာဖြစ်ပြီး ဒီကလန်ရိုက်၊ ဒီအော့ပ်နဲ့ မက်ဂွဲရားဟာ မော်ရင်ညို တိုက်တွန်းခဲ့တဲ့ ကစားသမားတွေလို့ သိရပါတယ်။

မန်ယူ ကွင်းလယ်လူ ပေါ့ဘာဟာ မက်ဒရစ်ကို ပြောင်းရွေ့လိုနေတာမဟုတ်ပဲ သူ့ရဲ့အသင်းဟောင်း ဂျူဗင်တပ်ကိုသာ ပြန်လည်ပြောင်းရွေ့လိုနေတာလို့ အီတလီသတင်းဌာနတွေက ဖော်ပြခဲ့ပါတယ်။ ပေါ့ဘာဟာ တူရင်မှာ (၂၀၁၂) ခုနှစ်ကနေ (၂၀၁၆) ခုနှစ်အထိ ကစားခဲ့သူ ဖြစ်ပါတယ်။

မန်ယူဟာ စပို့တင်းအသင်းမှ ဘရူနိုဖာနန်ဒက်ကို ခေါ်ယူဖို့ ပြိုင်ဖက် လီဗာပူးအသင်းထက် ပိုမိုနီးစပ်နေပါပြီ။ ဖာနန်ဒက်အတွက် ပြောင်းရွေ့ကြေး ပေါင် (၇၁)သန်းခန့် အသုံးပြုရမှာပါ။ လီဗာပူးအသင်းကတော့ သူ့အတွက် ပေါင်သန်း (၄၀) နဲ့ ကမ်းလှမ်းမှု ပြုလုပ်ထားပါတယ်။

မန်ယူအသင်းဟာ အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်းကို ပေါင် သန်း ၇၀ နဲ့ ကမ်းလှမ်းမယ်ဆိုတဲ့ သတင်းတွေ ထွက်ရှိနေချိန်မှာပဲ လန်ဒန် အသိုင်းအဝိုင်းဘက်က အူဘာမီယန်းဟာ သန်း ၁၀၀ တန်ကြေးရှိတဲ့ ကစားသမားလို့ သတင်းဖြန့်လာနေပါတယ်။