မန်ယူနည်းပြ ဆိုးရှားရဲ့ ဒီနွေ ပစ်မှတ် ကစားသမား စာရင်းထဲ ဘုန်းမောက် ကွင်းလယ်ကစားသမား ဒေးဗစ်ဘရွတ်ခ်လည်း ပါဝင်နေတယ်လို့ သိရပါတယ်။ ဒါပေမယ့် ဘုန်းမောက်က အသက် ၂၁ နှစ်အရွယ် ဝေးစ်လက်ရွေးစင်ကစားသမား အတွက် တန်ကြေး ပေါင် သန်း ၅၀ သတ်မှတ်ထားတာပါ။

ဘရွတ်ခ်က ငယ်စဉ်တုန်းက မန်ယူပရိသတ် တစ်ဦး ဖြစ်ပြီး မန်စီးတီး လူငယ်အသင်းမှာလည်း ပါဝင်ခဲ့ဖူးတယ်။ ဘရွတ်ခ်ကို မန်ယူအပြင် ပရီးမီးယားလိဂ် ပြိုင်ဘက် စပါးအသင်းကလည်းေ ခ်ါယူဖို့ ချိတ်ဆက်မှုတွေ ရှိထားပါတယ်။

ဘရွတ်ခ်ဟာ ဘုန်းမောက်အသင်းထံ ရှက်ဖီးလ်ယူနိုက်တက်မှ ပြောင်းရွှေ့ကြေး ပေါင် ၁၁.၅ သန်းဖြင့် ရောက်ရှိ လာခဲ့တာ ဖြစ်ပြီး ပြီးခဲ့တဲ့ ဘောလုံးရာသီက ၇ ဂိုးသွင်းပြီး ၅ ဂိုး ဖန်တီးမှု ပြုလုပ်ထားခဲ့သူဖြစ်ပါတယ်။

ဘရွတ်ခ်က PFA လူငယ်အကောင်းဆုံးအသင်းမှာလည်း ပါဝင်ခဲ့သူဖြစ်ပြီး ဝေးလ်လက်ရွေးစင် တစ်နှစ်တာအကောင်းဆုံးဆု နဲ့ လူငယ် တစ်နှစ်တာ အကောင်းဆုံး ဆု ၂ ခုတို့ကိုလည်း ရရှိထားပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ဆွမ်ဆီးအသင်းမှ ဒန်နီရယ်ဂျိမ်းစ်ကို ခေါ်ယူပြီးနောက် ခရစ္စတယ်ပဲလေ့စ် ညာနောက်ခံလူ ၀မ်ဘီဆာကာ ကို ခေါ်ယူနိုင်လုနီးပြီ ဖြစ်ကာ နာပိုလီ ဗဟိုနောက်ခံလူ ကူလီဘာလီ တို့ကိုလည်း ဆက်သွယ်မှုများပြုလုပ်ထားပါတယ်။