လီဗာပူးအသင်းမှ အကယ်ဒမီထွက် လူငယ်ကစားသမား ရာဖေး ကမာချိုကို စပို့တင်းလစ္စဘွန်းနဲ့ ရှော်လ်ကေး အသင်းတို့က ခေါ်ယူလို နေကြပါတယ်။ အသက် ၁၉ နှစ်အရွယ် ပေါ်တူဂီသားလေးဟာ ဘွန်ဒစ်လီဂါကလပ် ရှော်လ်ကေးနဲ့ သဘောတူညီမှု ရပြီး ဖြစ်တယ်လို့ ဂျာမနီက သတင်းများမှာ ဖော်ပြနေကြပါတယ်။

ကွင်းလယ်တိုက်စစ်သမား နာဘေ ဖယ်ကီရာ ဒီနွေမှာ အသင်းကနေ ထွက်ခွာချင်ပေမယ့် ၄င်းအတွက် ကမ်းလှမ်းမှုများ မရရှိသေးကြောင်း လိုင်ယွန်အသင်း ဥက္ကဌ အောလက်စ်က ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ ဖယ်ကီရာဟာ ပြီးခဲ့တဲ့နွေက လီဗာပူးအသင်းထံ ရောက်လုနီးပါး ရှိခဲ့ပြီးမှ အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့ရတာပါ။

လီဗာပူးခံစစ်မှူးဟောင်း ဂန္တ၀င်ကစားသမားကြီး ဂျွန်ဘန်းစ်က ဗဟိုခံစစ်မှူး လိုဗရန်ကို ဒီနွေမှာ ထွက်ခွာခွင့် ပေးလိုက်သင့်ကြောင်း ပြောဆိုလိုက်ပြီး လိုဗရန်ဟာ ဂိုမက်ဇ် ပြန်လာပြီး မာတစ်လည်း နေရာရနေတာကြောင်း ပွဲမကစားရဘဲသာ အန်းဖီးလ်မှာ ရှိနေမယ်လို့ သတိပေးစကား ဆိုခဲ့ပါတယ်။

ဒီရက်တွေထဲမှာ မာဆေးဆိုဒ်ကလပ် လီဗာပူးအသင်းက ပေါ်တူဂီကလပ် ဖာနန်ဒက်စ်ကို ခေါ်ယူနိုင်ဖို့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့တယ်လို့ ဖော်ပြမှုတွေ ရှိနေပေမယ့် အဆိုပါ သတင်းက ပယ်ချခံခဲ့ရပါတယ်။

လီဗာပူးအသင်းဟာ တိုက်စစ်မှူး အိုရီဂီကို လာမယ့်ရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွတ်ရဖို့ ရှိနေသည့်တိုင်အောင် ဒီနွေမှာ လုံးဝ ရောင်းထုတ်သွားမှာ မဟုတ်ဘူးလို့ သိရပါတယ်။

လီဗာပူး ကွင်းလယ်တိုက်စစ်သမား နာဘေကိတ်တာက တိုက်စစ်မှူး ဆာလက်၊ မာနေးတို့ ခြေစွမ်း အံ့အားသင့်ဖွယ် တိုးတက်လာသည့် နည်းတူ ယာဂင်ကလော့ပ်က ၄င်းကိုလည်း ပြောင်းလဲ ပေးနိုင်မယ်လို့ မျှော်လင့်နေပါတယ်။

လီဗာပူး ကစားသမားတွေနဲ့ ဆက်စပ်သူတွေရဲ့ အင်စတာဂရမ်ကို Follow လုပ်လိုက်လို့ သတင်ြးုကီးလာတဲ့ အမ်ဘတ်ပီဟာ ပီအက်စ်ဂျီ အသင်းမှာပဲ ဆက်ရှိနေဖို့ ၂၀၀% သေချာကြောင်း အသင်း ဥက္ကဌ အယ်ခီလိုင်ဖီ က ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။