ချယ်ဆီးအသင်းမှာ ၄င်းတို့ကြယ်ပွင့်ကစားသမား ဟာဇက်က ခံစစ်ပိုင်း ပြဿနာများ ဖြစ်စေခဲ့တယ်လို့ ချယ်ဆီးကနေ ထွက်ခွာသွားပြီ ဖြစ်တဲ့ ဂျူဗင်တပ် နည်းပြ ဆာရီက ပြစ်တင်ပြောကြားလိုက်ပါတယ်။

ချယ်ဆီး ဂိုးသမားဟောင်းကြီး ပီတာချက်ဟာ ဒီနေ့ပဲ စတန်းဖို့ဒ်ဘရစ်ခ်ျသို့ ပြန်လည်း ရောက်ရှိလာခဲ့ပြီး နည်းစနစ်ပိုင်း အကြံပေးနဲ့ အားကစား ဒါရိုက်တာ အဖြစ် ပူးတွဲ တာဝန်ယူသွားတော့မှာပါ။

အဲဗာတန်အသင်း ဂိုးမက်စ်ကို ခေါ်ယူပြီးနောက် အငှားခေါ်ထားတဲ့ ချယ်ဆီး ခံစစ်မှူး ဇူးမားကို အပြီးသတ်ခေါ်ယူနိုင်ရန် ဆွေးနွေးမှုများ ပြုလုပ်နေပါတယ်။ ချယ်ဆီးက အပြောင်းအရွှေ့ ပိတ်ပင်ခံထားရပေမယ့် ဇူးမားကိုတော့ အသင်းမှာ ဆက်ခေါ်ထားမှာ မဟုတ်ဘူးလို့ အဲဗာတန်က ယုံကြည်နေပါတယ်။

ချန်ပီယံရှစ်ကလပ် ဘန်စလေအသင်းဟာ ချယ်ဆီးအသင်းထံမှ အသက် ၂၂ နှစ်အရွယ် လူငယ် ဂိုးသမား Brad Collins ကို ၄ နှစ် သက်တမ်း ရှိ စာချုပ်နဲ့ ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း တရားဝင် ကြေငြာသွားပါတယ်။

ဂျူဗင်တပ် နည်းပြ ဆာရီဟာ ချယ်ဆီးမှာတုန်းက အငှားခေါ်ယူခဲ့တဲ့ အာဂျင်တီးနားတိုက်စစ်မှူး ဟီဂူအင်ကို ဂျူဗင်တပ် အသင်းမှာသာ ဆက်လက် ကစားခွင့် ပြုသွားမယ်လို့ သိရပါတယ်။

ချယ်ဆီးကွင်းလယ်ကစားသမား ဂျော်ဂျင်ဟိုဟာ ဆာရီရှိရာ ဂျူဗင်တပ်သို့ ပြောင်းရွှေ့ဖို့ တံခါးဖွင့်ထားပြီး ၄င်း အေးဂျင့်ဖြစ်သူကလည်း သတင်း များကို ငြင်းဆန်ခြင်း မရှိပါဘူး။

ချယ်ဆီး အသင်းဟာ ရာသီသစ်မစတင်ခင်မှာပဲ မန်နေဂျာတစ်ဦးကို ခေါ်ယူနိုင်ဖို့ ကြိုးစားနေရသလို အဓိက ကစားသမား အချို့ကလည်း ရာသီစ ပွဲစဉ်တွေမှာ ပါဝင်နိုင်ဖို့ မရှိဖြစ်နေတာကြောင့် ကစားသမားသစ် ပူလာဆစ်ဟာ အားလပ်ရက်ကို လျော့ယူဖို့ ပြင်ဆင်လာနေပါတယ်။

ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ လီဗာပူးနဲ့ ချယ်ဆီး တိုက်စစ်သမားဟောင်း အသက် ၃၅ နှစ်အရွယ် စပိန်တိုက်စစ်သမား ဖာနန်ဒို တောရက်စ် ဟာ ဘောလုံးကစားခြင်းက အနားယူပြီ ဖြစ်ကြောင်း ဒီနေ့ပဲ ကြေညာချက် ထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။