အာဆင်နယ်မှာ တစ်ရာသီသာ ကြာသေးပေမယ့် အီတလီသို့ ပြန်လိုနေတဲ့ တော်ရဲရားကို အာဆင်နယ် လက်လွှတ်ရဖွယ် ရှိနေပြီး ခက်ခဲတဲ့ အနေအထားကြုံနေရပြီလို့ ဂန်းနားဟောင်းကြီး ရေးပါလာက မှတ်ချက်ပြုလိုက်ပါတယ်။ ဒီနေ့ခေတ်မှာ ကစားသမားတွေက ပါဝါပိုကြီးလာပြီး ကိုင်တွယ်ရခက်ခဲလာတယ်လို့ ၄င်းက ဆိုပါတယ်။

အာဆင်နယ်အသင်း ပစ်မှတ်ထားနေတဲ့ ကာရက်စကိုဟာ အသင်းမပြောင်းရသေးတာတောင် လေ့ကျင့်ရေးမှာ အားထုတ်ဖို့ ပျင်းရိနေကြောင်း ၄င်းရဲ့ ကလပ်အသင်း Dalian Yifang အသင်းဖော် ဂိုးသမားက ပြစ်တင်ပြောဆိုခြင်း ခံလိုက်ရပါတယ်။

အာဆင်နယ် ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ စီးရီးအေကလပ် တိုရီနို အသင်းမှ နောက်ခံလူ အာမန်ဒို အစ်ဇိုရဲ့ အေးဂျင့်ဟာ အသင်းပြောင်း ကိစ္စများ ဆွေးနွေးဖို့ လန်ဒန်ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။

အာဆင်နယ် ဂိုးသမားဟောင်းကြီး ပီတာချက်ဟာ ဒီနေ့ပဲ သူ့ရဲ့ အသင်းဟောင်း ချယ်ဆီးအသင်းထံ ပြန်လည် ရောက်ရှိသွားခဲ့ပြီး နည်းစနစ်ပိုင်း အကြံပေးနဲ့ အားကစား ဒါရိုက်တာ အဖြစ် ပူးတွဲ တာဝန်ယူသွားတော့မှာပါ။

အာဆင်နယ်အသင်းဟာ ဒီနွေမှာ အဓိက ပစ်မှတ်ထားနေတဲ့ ခံစစ်မှူး ဝီလီယံ ဆာလီဘာကို ၅နှစ် သက်တမ်းရှိ စာချုပ်နဲ့ ခေါ်ယူနိုင်တော့မှာ ဖြစ်ကြောင်း ပြင်သစ် သတင်းတွေမှာ ဖော်ပြနေကြပါတယ်။

ယူ-၂၁ ချန်ပီယံရှစ်မှာ ခြေစွမ်းကောင်းတွေ ဆက်တိုက်ပြသနေတဲ့ လူငယ် ကွင်းလယ် ကစားသမား ခရစ္စတီယန် ဘီလစ်ကို အသင်းမှာ အခွင့်အရေးပေးဖို့ နည်းပြ အမ်မရီထံ အာဆင်နယ်အသင်း ပရိတ်သတ်များ တောင်းဆိုနေကြပါတယ်။