မနေ့ညက အန်ဖီးလ်ကွင်းမှာ လီဗာပူးကို 3-1 နဲ့ ရှုံးနိမ့်ပြီးနောက် မန်ချက်စတာ ယူနိုက်တက်ဟာ လီဗာပူးနဲ့ 19 မှတ်အထိ ကွာဟ သွားခဲ့တဲ့ အပြင် ဒီရာသီမှာ ထိပ်ဆုံး လေးနေရာရဖို့ အတော်လေးကို အလှမ်းကွာနေတာဖြစ်ပါတယ်။ ပွဲချိန်အတော်များများမှာ ယူနိုက်တက်ဟာ ဖိအားတွေအောက် ရောက်နေခဲ့ပြီး လီဗာပူးရဲ့ မြန်မြန်ဆန်ဆန် စတင်မှုမှာ သူ့အသင်းသားတွေဟာ ရုန်းကန်နေခဲ့ရတယ်ဆိုတာ ဝန်ခံခဲ့ပါတယ်။ လီဗာပူးနဲ့ပွဲ ကစားပုံ အခင်းအကျင်းက သူ့အနေနဲ့ အသင်းမှာ ရှိတဲ့ ကစားသမားတွေ အရ ခင်းကျင်းရတာ ဖြစ်ပြီး သူတို့က ပွဲအခြေအနေအတွက် အရေးပါတယ်လို့ မော်ရင်ညိုက ယခင်အသင်းဟောင်းတွေနဲ့ပါ နှိုင်းယှဉ်ပြောပြသွားပါတယ်။

မော်ရင်ညိုက ပွဲအရှိန်မြင့်လာတဲ့အခါ ယူနိုက်တက်တို့ ထိန်းသိမ်းဖို့ မတတ်နိုင်တဲ့ ကစားသမားတွေဖြစ်တဲ့ အန်ဒရူး ရောဘတ်ဆန်၊ ဆာဒီယို မာနေး၊ မိုဟာမက် ဆာလက်၊ နာဘီကိတ်တာ၊ ဖာမီနိုနဲ့ ဂျော်ဂျီနီရို ဝစ်ဂျနယ်ဒန် တို့ကို အခုလို ချီးကျူးစကားဆိုခဲ့ပါတယ်။

“ပထမဆုံးအနေနဲ့ ကျနော်တို့ဟာ သွက်လက်တက်ကြွမှုနဲ့ ပတ်သက်ပြီး ပြသနာတွေ များစွာ ရှိတယ်. ဒဏ်ရာ ပြသနာတွေရှိနေတဲ့ ကစားသမားတွေ လဲ ရှိတယ် ဆိုတာ ပြောချင်တယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ရဲ့ အချို့ကစားသမားတွေဟာ အမြဲတမ်းဒဏ်ရာရနေပြီး ကျနော်နဲ့ အတူမရှိနိုင်ဘူး. ဒါတွေက ကျနော့်အရင်ထဲက ဖြစ်ခဲ့တာပါ။ မစ္စတာ ဗန်ဟား နဲ့ တုန်းက အချက်အလက်တွေ ပြီးတော့ ဒေးဗစ်မိုယေးစ် နဲ့တုန်းက အချိန်တွေကြည့်လိုက်မယ်ဆိုရင် အဲ့ဒီအတည်းက အမြဲဒဏ်ရာရနေတဲ့ ကစားသမားတွေ ရှိခဲ့ပါတယ်။ အမြဲ ဒဏ်ရာ ရနေတယ် ဆိုရင် နိုးကြားတက်ကြွမှုရဖို့က အရမ်း ခက်ခဲပါတယ်။ ပြီးတော့ တချို့ကစားသမားတွေမှာရှိပြီး တချို့မှာမရှိတဲ့ အရည်အချင်းတွေ ရှိတယ်. ဒါကို တိုးတက်အောင်မလုပ်နိုင်ဘူး.သူတို့မှာ ရှိလာအောင် လုပ်လို့မရဘူး။”

“ကျနော် ဥပမာပြောမယ်. ရောဘတ်ဆန်၊ မာနေး၊ ဆာလက်၊ ဝစ်ဂျနယ်ဒန်၊ ကိတ်တာ၊ ဖာမီနို တို့ကိုကြည့်ပါ. သူတို့ဟာ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်တဲ့ ကစားသမားတွေဖြစ်ပြီး နည်းစနစ်ပိုင်း မှာပါ ထိပ်တန်းရောက်နေတဲ့သူတွေပါ. နည်းစနစ်ကောင်းတဲ့ ကစားသမားတွေ ကျနော့်မှာလဲ ရှိတယ်.ဒါပေမယ့် သူတို့လိုမျိုး နိုးကြားတက်ကြွပြီး အရှိန်ကောင်းတဲ့ကစားသမားတွေ အများကြီး ကျနော်တို့မှာ မရှိဘူး.ဒါကြောင့် ပွဲက အရှိန်မြင့်လာတာနဲ့အမျှ ကျနော်တို့မှာ ဒုက္ခရောက်ရတော့တာပဲ။”

“ပထမဆုံး မိနစ်၂၀ က ကျနော်တို့အတွက် ခက်ခဲခဲ့ပါတယ်. ကျနော်တို့မှာ ဘောလုံးရတဲ့အခါ အားပြိုင်မှုက လျော့သွားတယ်. အရှိန် ကျသွားတဲ့အခါ ကျနော်တို့အတွက် ကစားဖို့ ပိုလွယ်သွားတယ်.ကျနော်တို့ဟာ ဘောလုံးရအောင်လုပ်ပြီး ပွဲကို အဲ့တိုင်းပဲ ကစားတယ်.ကျနော်တို့ အခု ကစားနေတဲ့ပုံက ကျနော်တို့ တတ်နိုင်တဲ့ နည်းလမ်းပါပဲ.အဲ့ဒါက ကျနော်တို့ အရည်အချင်းပါ။”

“ခင်ဗျားတို့အနေနဲ့ ဒါက နည်းပြရဲ့ရွေးချယ်မှုလို့ ပြောချင်တယ်ဆိုတာ ကျနော်သိပါတယ်။ လီဗာပူးနဲ့ ကျနော့်ရဲ့ပေါ်တိုအသင်းကို ယှဉ်လို့ ရပါတယ်. ဘာကြောင့်လဲဆိုတော့ ကစားသမားတွေရဲ့ အရည်အချင်းက ပေါ်တိုမှာလဲ ရှိပါတယ်။ ခံစစ် အကူးအပြောင်းမှာ ပေါ်တိုက ကျနော့်ရဲ့ အကောင်းဆုံး အသင်း ဖြစ်ခဲ့ပါတယ်။ ကျနော်တို့ ဘောလုံးဆုံးရှုံးရင် ခွေးရူးတွေလိုပဲ လိုက်ပြီးတော့ ၂ စက္ကန့်အကြာမှာ ဘောလုံးပြန်ရအောင် လုပ်တယ်။ ”

“ရီးရဲလ်မက်ဒရစ် မှာဆိုရင် တန်ပြန်တိုက်စစ် အကောင်းဆုံးဖြစ်ခဲ့တယ်။ ဘာကြောင့်လဲဆိုရင် ကျနော်တို့မှာ ဒီမာရီယာ၊ ခရစ်စတီယာနို၊ ဟီဂွာအင်၊ ဘန်ဇီးမား တို့လို လူငယ်ကစားသမား တွေရှိတယ်။ ကျနော်တို့ရဲ့ တိုက်စစ်က အားလုံးကို သတ်နိုင်ခဲ့တယ်။ အင်တာမီလန် မှာကျတော့ ခံစစ်အကောင်းဆုံးဖြစ်ခဲ့တာပါ။ မာတီရတ်ဇီ၊ ဆင်မြူရယ်၊ လူစီရို၊ ကော်ဒိုဘာ တို့ရှိတဲ့ ခံစစ်မှာ ငါးနာရီ နေရင်တောင် တစ်ဂိုးမှ ရမှာမဟုတ်ပါဘူး။ ကစားသမားတွေဟာ အသင်းရဲ့ကစားပုံမှာ အဓိကကျတဲ့သူတွေဖြစ်ပါတယ်” လို့ မော်ရင်ညိုက ပြောခဲ့ပါတယ်။

ဘယ်လိုပဲ အကြောင်းပြချက်တွေ ပေးနေပေမယ့် မော်ရင်ညိုရဲ့ တစ်နေရာက ယူနိုက်တက်နဲ့အတူ ဖိအားများစွာ ၀င်နေပြီ ဖြစ်ပါတယ်။