ရာသီကြိုအဖြစ် စပါးနဲ့ ယှဉ်ပြိုင်စဉ်မှာ မန်ချက်စတာ ယူနိုက်တက် ခံစစ်မှူး ဘိုင်လီက ဒဏ်ရာရခဲ့ပါတယ်။ မန်ယူဟာ လက်စတာမှ မက်ဂွဲရားကို ခေါ်ယူဖို့ ကြိုးစားနေတာဖြစ်ပြီး မအောင်မြင်ခဲ့ရင် အခြားသော ခံစစ်မှူးတွေကို ခေါ်ယူဖို့ ရည်ရွယ်နေဆဲပါ။

နွေအပြောင်းအရွှေ့ ဈေးကွက်ပိတ်ဖို့ဟာ နှစ်ပတ်ခန့်တာ လိုတော့တာဖြစ်ပြီး မန်ယူအသင်း အနေနဲ့ ရာသီသစ်မှာ ရည်မှန်းချက် မြင့်မြင့်မားမား ထားရှိတယ်ဆိုရင် ထိပ်တန်း ခံစစ်မှူးတစ်ဦးဦး သေချာပေါက် အားဖြည့်ရမယ်လို့ တိုက်တွန်းမှုတွေ ရှိလာပါတယ်။

ပရီးမီးယားလိဂ် ကွင်းလယ်လူဟောင်းနဲ့ ESPN ရဲ့ အားကစားသုံးသပ်သူ စတီးဝပ်ရော့ဘ်ဆန်က မန်ယူ ခံစစ်မှူး ဘိုင်လီ ဒဏ်ရာ ရသွားခဲ့လို့ အခြားသော ခံစစ်မှူးတစ်ဦး အစားထိုးခေါ်ယူဖို့ လိုအပ်ကြောင်းနဲ့ နှစ်ပတ်အတွင်း ထိပ်တန်း ခံစစ်မှူးတစ်ဦး ခေါ်ယူဖို့ လိုအပ်ကြောင်း တိုက်တွန်းခဲ့ပါသေးတယ်။

ရော့ဘ်ဆန်က “ ဘိုင်လီ ဒဏ်ရာရတာက ခြားနားမှုတော့ မဖြစ်စေပါဘူး။ ဒဏ်ရာရတာက ဘိုင်လီအတွက်တော့ စိတ်ပျက်စရာပါပဲ။ ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက်အနေနဲ့ ဘိုင်လီ ကြံ့ခိုင်သည်ဖြစ်စေ၊ မကြံ့ခိုင်ဘူးဖြစ်စေ ခံစစ်မှူးသစ် ခေါ်ယူဖို့ လိုအပ်ပါတယ်။ ”

” မန်ယူနိုက်တက်က မက်ဂွဲရားနဲ့ တွေ့ဆုံမှုတွေ လုပ်ထားသလို နာပိုလီကစားသမား ကိုဘီဘာလီနဲ့လည်း စကားပြောမှုတွေ လုပ်ထားဖူးတယ်။
မန်ယူအသင်း အနေနဲ့ အဆင့်လေးနေရာကို စိန်ခေါ်လိုရင်၊ အမှတ်ပေးဖလားနဲ့ ယူရိုပါလိဂ်လို ဥရောပ ဆုဖလားကို စိန်ခေါ်လိုတယ်ဆိုရင် သူတို့အနေနဲ့ ဗဟိုခံစစ်မှူးသစ်တစ်ဦးကို သေချာပေါက် ခေါ်ယူဖို့ လိုအပ်ပါတယ်။ ”

“မက်ဂွဲရားဖြစ်စေ၊ ကိုလီဘာလီဖြစ်စေ ထိပ်တန်းအဆင့် ခံစစ်သမားကို ဖြစ်နိုင်သလောက် ခပ်စောစော လက်မှတ်ထိုးနိုင်ဖို့ လိုပါတယ် ” လို့ တိုက်တွန်းခဲ့တာဖြစ်တယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ လက်ကျန် အပြောင်းအရွှေ့ ကာလတွေမှာ တောင်ပံကစားသမားနဲ့ ဗဟိုခံစစ်မှူးနေရာအတွက် ဦးစားပေးအဖြစ် ရွေးချယ်ထားပြီး ကွင်းလယ်နေရာမှာ ပေါ့ဘာ ထွက်ခွာသွားမှပဲ ကစားသမားသစ် ခေါ်ယူတော့မယ်လို့ ဆုံးဖြတ်ခဲ့ကြောင်းလည်း သတင်းတွေ ထွက်ပေါ်ထားပါတယ်။