ယူနိုက်တက်ဟာ ဆိုးရှားရဲ့ ဇာတိပြေအသင်း Kistransund အင်းကို မာတာရဲ့ နောက်ကျသွင်းဂိုးနဲ့ အနိုင်ရယူသွားခဲ့ပါပြီ။

ယူနိုက်တက်က ခေါ်ယူမယ်လို့ သတင်းတွေ ပေါ်ထွက်နေတဲ့ တိုက်စစ်မှူး ဒိုင်ဘားလားက အသင်းကို စွန့်ခွာဖို့ ပြင်ဆင်မှုတွေ ရှိလာနေပြီး အေးဂျင့်ဖြစ်သူက အင်္ဂလန်ကို ရောက်လာပြီလို့ သိရှိပါတယ်။

ယူနိုက်တက်ကစားသမားဟောင်း ရှဝိန်းစတိန်ကာကတော့ နည်းပြဆိုးရှားအနေနဲ့ အသင်းကို အောင်မြင်မှုတွေ ပြန်လည်ယူဆောင်ပေးနိုင်ဖို့ ကစားသမားတွေကို လွတ်လွတ်လပ်လပ် ကစားခွင့်ပေးဖို့ လိုအပ်ောကြာင်း ဝေဖန်ပြောကြားသွားခဲ့ပါတယ်။

ကစားသမား ဘ၀ကနေ အနားယူသွားခဲ့တဲ့ ယူနိုက်တက်ခံစစ်မှူးဟောင်း ပက်ထရစ်အီဗရာဟာ အသင်းထံ ရာထူးတစ်ခုခုနဲ့ ပြန်လာဖို့ အစီအစဉ်လုံးဝမရှိကြောင်း သတင်းတွေက ဖော်ပြနေကြပါတယ်။

ယူနိုက်တက် တိုက်စစ်မှူးဟောင်း ရှရင်ဂမ်က အသင်းဟာ ကွင်းလယ်ကစားသမား ပေါ့ဘာကို ရောင်းချသင့်ကြောင်း ပြောကြားခဲ့တယ်လို့ သိရှိရပါတယ်။

ယူနိုက်တက်နည်းပြဟောင်း မော်ရင်ညိုဟာ လာမယ့်ရာသီမှာ ဘွန်ဒက်လီဂါ အသင်းတစ်ခုခုကို ကိုင်တွယ်သွားနိုင်ချေ ရှိနေတယ်လို့ သတင်းတွေ ပေါ်ထွက်လာနေပါပြီ။

ယူနိုက်တက်ဟာ သူတို့ရဲ့ပစ်မှတ် ဟယ်ရီမက်ဂွိုင်းယားအတွက် လက်စတာက တောင်းဆိုလိုနေတဲ့ ပြောင်းရွေ့ကြေးဟာ မမျှတတဲ့ ပြောင်းရွေ့ကြေးလို့ ဝေဖန်မှုတွေ ရှိလာနေပါတယ်။

ယူနိုက်တက်ကို ပြောင်းရွှေ့လာခဲ့ပါက အသင်းအတွက် အရေးပါတဲ့ နေရာတစ်ခု ရယူနိုင်မှာ ဖြစ်တာကြောင့် ဒိုင်ဘားလားကို အသင်းပြောင်းရွှေ့ဖို့ မီဒီယာတွေက တိုက်တွန်းနေကြပါပြီ။

ယူနိုက်တက်နည်းပြ ဆိုးရှားကတော့ သူ့အသင်းအနေနဲ့ ရာသီကြိုပွဲစဉ်တွေက ရလာဒ်ကောင်းတွေကို ဆက်လက်ပြီး ထိန်းသိမ်းထားစေနေလိုကြောင်း သိရိရပါတယ်။

ကောလဟာဟမျိုးစုံ ပေါ်ထွက်နေပေမယ့် ယူနိုက်တက်ဖက်ကတော့ သူတို့ရဲ့ အဓိကကစားသမား ပေါ့ဘာကို အပြောင်အရွေ့ နောက်ဆုံးအချိန်မှသာ ရောင်းချဖို့ စဉ်းစားလာမယ်လို့ သတင်းတွေ ပေါ်ထွက်လာနေပါတယ်။

ယူနိုက်တက် ကစားသမားဟောင်း ရှရင်ဂမ်ကတော့ လက်စတာနောက်ခံလူ မက်ဂွိုင်းယားကို ခေါ်ယူနိုင်ခဲ့ပါက သူ့အသင်းဟောင်းအတွက် အဓိကျကတဲ့ ခေါ်ယူမှုတစ်ခု ဖြစ်လာမယ်ုလိ့ ပြောကြားသွားခဲ့ပါပြီ။