မန်ယူအသင်းနည်းပြ ဆိုးရှားက ချယ်ဆီးနဲ့ရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ်ရာသီသစ် အဖွင့်ပွဲစဉ်မှာ ဗဟိုခံစစ်မှူးအသစ်အဖြစ် အသင်းကို ရောက်လာမယ့် မက်ဂွဲရားကို ထည့်သွင်းအသုံးပြုသွားဖို့ စီစဉ်ထားကြောင်း ဝန်ခံစကား ပြောဆိုလိုက်ပါတယ်။

မန်ယူဟာ မက်ဂွဲရားကိုပေါင် ၈၅ သန်းနဲ့ခေါ်ယူဖို့ သဘောတူညီချက်ရထားပြီဖြစ်ပြီး အပြီးသတ်လက်မှတ်ထိုးဖို့ မန်ချက်စတာကို ရောက်နေပြီဖြစ်တယ်။ မက်ဂွဲရားဟာ အသင်းနဲ့ လေ့ကျင့်မှုတွေ မလုပ်နိုင်သေးပေမယ့် ကာရင်တန်က ကွင်းပိတ် ခြေစမ်းပွဲကိုတော့ တက်ရောက် ကြည့်ရှုခဲ့ပါတယ်။

ချယ်ဆီးနဲ့ပွဲမှာ ပွဲထွက်လူစာရင်းကနေ မက်ဂွဲရားကို ထည့်သွင်းဖို့ဆိုတာက ပြသနာ မဟုတ်ကြောင်း ဆိုးရှားကတော့ ” ချယ်ဆီးနဲ့ ပွဲထွက်လူစာရင်းအတွက် အကြံကောင်းရှိပါတယ်။

မက်ဂွဲရားက ဒီနွေရာသီကြို ပြင်ဆင်မှုမှ ပွဲအနည်းငယ်ကစားထားလို့ ချယ်ဆီးနဲ့ပွဲ ထည့်သုံးမယ်ဆိုရင်လည်း သူအဆင်သင့်ရှိနေမှာပါ။ အဲ့သည်အချိန်ကျရင် သူ့ကို ပွဲထွက်လူစာရင်းက အသုံးပြုဖို့ ဖြစ်နိုင်မလား အကဲဖြတ်သွားပါမယ် ” လို့ပြောသွားပါတယ်။

အသက် ၂၆ နှစ်ရှိပြီဖြစ်တဲ့ အင်္ဂလန်လက်ရွေးစင် မက်ဂွဲရားဟာ မန်ယူကို ကမ္ဘာတန်ကြေးအမြင့်ဆုေးနောက်ခံလူအဖြစ် ရောက်ရှိလာမှာပါ။ သူဟာခံစစ်မှာ ဦးဆောင်သူတစ်ဦးအဖြစ် ကစားရမှာဖြစ်ပြီး တွဲဘက်အဖြစ် လင်ဒီအော့နဲ့ ကစားခွင့်ရမယ်လို့ ယူဆခံထားရပါတယ်။