လီဗာပူးတိုက်စစ်သမား ဆာဒီယိုမာနေးဟာ အသင်းရဲ့ မဲလ်ဝုဒ် ထရိန်နင်သို့ ပြန်လည် ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ မာနေးဟာ အာဖရိက ဖလား ပွဲ ကစားခဲ့ရတာကြောင့် အားလပ်ရက်ကနေ ပြန်လာတာ နောက်ကျနေခြင်း ဖြစ်ပါတယ်။

မာနေး ပြန်ရောက်လာခြင်းကို လီဗာပူးဘက်က ဗီဒီယိုဖိုင်တင်ပေးခဲ့တာဖြစ်ပြီး ပရိသတ်ကြည့်နှုန်း သန်းကျော်ခဲ့ပါတယ်။ မာနေးကတော့ မဲဝုဒ်ကို ရောက်ရောက်ခြင်း ထိပ်ဆုံးသွားပြီး စကားပြောခဲ့တာက ရော်ဘတ်ဆန်ကိုဖြစ်ပြီး သတိပေးစကားလည်း ဖြစ်ပါတယ်။

မာနေးက ရော်ဘတ်ဆန်ထံသွားကာ ” မနေ့ညက မင်းကစားတာ အရမ်းဆိုးတယ်။ ငါမပါလို့ မင်းခြေစွမ်းညံ့နေတာ မဟုတ်လား ” လို့ သွားစခဲ့တာပါ။ ရော်ဘတ်ဆန်ကတော့ မာနေး နာမည်ကို အော်ဟစ်ပြီး ပြန်လည် စနောက်ခဲ့ပါတယ်။

လီဗာပူးနဲ့ကွန်မြူနတီ ဒိုင်းပွဲမှာ ဂွာဒီယိုလာက အ၀ါကဒ်ပြ သတိပေးခြင်းခံခဲ့ရပေမယ့် ထို အဝါကဒ်ဟာ အင်္ဂလန်ပြည်တွင်းပွဲတွေမှာ ထည့်တွက် ခံရမှာ မဟုတ်ပါဘူး။ အက်ဖ်အေဟာ မန်နေဂျာတွေကို သက်မှတ် အဝါကဒ်ပြည့်ရင်နဲ့ နှစ်ဝါ တစ်နီ ပြသခံရရင် နည်းပြလိုင်းကနေ ကြီးကြပ်ခွင့် ပိတ်ပင်မယ့် အရေးယူမှုတွေကို ပြုလုပ်ဖို့ စည်းမျဉ်းသစ် ချထားခဲ့တာဖြစ်ပါတယ်။

၆၅ ပွဲကြာ မည့်သည် ပြိုင်ဘက်ကစားသမားမှ ကျော်ဖြတ်နိုင်ခြင်း မရှိခဲ့တဲ့ ဗန်ဒိုက်ရဲ့ စံချိန်ကလည်း ကျိုးပြတ်သွားမှာ မဟုတ်ပါဘူး။ မန်စီးတီး တိုက်စစ်မှူး ဂျီးဆုဟာ ဗန်ဒိုက်ကို ရှားရှားပါပါး ကျော်ဖြတ်နိုင်ခဲ့ပေမယ့် ကွန်မြူနတီဒိုင်းပွဲမှာ မည်သည့် အချက်အလက်ကို ထည့်တွက်မှာ မဟုတ်လို့ နယ်သာလန် ခံစစ်မှူးရဲ့ စံချိန်ဟာ ဆက်ရှိနေမှာဖြစ်ပါတယ်။

ဗန်ဒိုက်ကတော့ မန်ယူ ခံစစ်မှူးသစ် မက်ဂွဲရားကို ကမ္ဘာဈေးအကြီးဆုံး ခံစစ်မှူးဆိုတဲ့ နာမည်တပ်ခံရမှုဟာ ဖိအားတွေနဲ့အတူ များပြားတဲ့ အကဲဖြတ်မှုတွေပါ ပေးလာမယ်လို့ သတိပေးစကား ဆိုလိုက်ပါတယ်။

လီဗာပူးအသင်းဟာ ၀က်စ်ဟမ်းအသင်းကနေ စာချုပ်ကုန်ဆုံးလို့ ထွက်ခွာလာတဲ့ ဂိုးသမား အက်ဒရီယန်ကို ပြောင်းရွှေ့ကြေး အလွတ်၊ နှစ်နှစ် စာချုပ်နဲ့ ခေါ်ယူလိုက်ပြီး တရားဝင် အတည်ပြု ကြေငြာသွားပါတယ်။ အန်ဒရီယန်ဟာ လီဗာပူးမှာ အယ်လီဆန်ရဲ့ ကျောနံပါတ် အဟောင်း နံပါတ် ၁၃ ကို ဝတ်ဆင်သွားမှာဖြစ်တယ်။