ချယ်ဆီး ညာခြမ်း ခံစစ်သမား ဇက်ပါ ကော်စတာကို ခေါ်ယူဖို့ ရိုးမားအသင်းက စိတ်ဝင်စားနေပြီး နည်းပြ လမ်းပတ်ကလည်း ရီစီဂျိမ်းစ် ရှိနေတာကြောင့် အသက် ၂၇ နှစ် အရွယ် ခံစစ်မှူးကို အသင်းကနေ ထွက်ခွာခွင့် ပြုထားပါတယ်။

နောဝ်ခ်ျနဲ့ ဘရိုက်တန်အသင်းတို့ဟာ ချယ်ဆီး ကွင်းလယ်ကစားသမား ဒရင့်ဝါးတားကို အငှားခေါ်ယူဖို့ ဆက်သွယ်မေးမြန်းမှုတွေ ပြုလုပ်ခဲ့ပေမယ့် ၄င်းရဲ့ လစာ မြင့်မားတာကြောင့် ခေါ်ယူဖို့ အခက်အခဲ ဖြစ်နေပါတယ်။

ဂယ်ရီ ကာဟေးက ခရစ္စတယ်ပဲလေ့စ် အသင်းထံ သွားရောက် ကစားဖို့ ဆုံးဖြတ်ခဲ့တာဟာ ချယ်ဆီးအသင်းဖော် လော့တပ်ချိခ်ရဲ့ စည်းရုံးမှုကြောင့် ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

တူရကီကလပ် ဂါလာတာစာရေးဟာ ချယ်ဆီးတိုက်စစ်သမား ဘာကာယိုကိုကို အငှားနဲ့ ခေါ်ယူဖို့ ကမ်းလှမ်းမှု ပြုလုပ်ထားကြောင်း အတည်ပြု ထားပါတယ်။

အဲဗာတန်အသင်းဟာ ချယ်ဆီးနောက်ခံလူ ဇူးမားကို ခေါ်ယူဖို့ ကြိုးပမ်းနေမှုကို အဆုံးသတ်လိုက်ပြီ ဖြစ်ပါတယ်။ ဇူးမားအစား တန်ကြေး ပေါင် ၇၅ သန်း တန် ဘုန်းမောက် ခံစစ်မှူး နသန် အကီကို အဲဗာတန်က ပြောင်းလဲ ပစ်မှတ်ထားနေပါတယ်။

နည်းပြ လမ်းပတ်က ညာနောက်တန်းမှာ အသက် ၁၉နှစ် အရွယ် ဂျိမ်းစ်ကို အက်ဇ်ပီလီကွီတာရဲ့ အရံအဖြစ် ထားဖို့ စိတ်အားထက်သန်နေပြီး ပဲလေ့စ်၊ ဘရိုက်တန် အပါအဝင် အနည်းဆုံး ပရီးမီးယားလိဂ် ကလပ် ၈ ခု ကနေ ဂျိမ်းစ်အတွက် ချိတ်ဆက်မှုတွေကို ငြင်းပယ်ထားပါတယ်။

ချယ်ဆီးအသင်း ကနေ အငှားထွက်ကစားရင်း အချိန်ကုန်နေရတဲ့ ခံစစ်မှူး မိုက်ကယ် ဟက်တာဟာ ရှက်ဖီးလ်ဒ် ဝက်ဒ်နက်စ်ဒေးအသင်းထံ အပြီးသတ်ပြောင်းရွှေ့ဖို့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။

ချယ်ဆီးအနေနဲ့ နိုင်ငံသား ကစားသမား ကန့်သတ်ချက်အတွက် အနည်းဆုံး ပြည်ပကစားသမား တစ်ယောက် ရောင်းချရမှာ ဖြစ်ပြီး ဘာကာယိုကို ရဲ့ အပြောင်းအရွှေ့ အတွက် ဂါလာတာစာရေးနဲ့ ဆွေးနွေးနေပါတယ်။