အန်ဖီးကွင်းမှာ ယှဉ်ပြိုင်ကစားပြီး လီဗာပူးက အာဆင်နယ်ကို 5-1 နဲ့ အနိုင်ရတဲ့ပွဲမှာ တိုက်စစ်မှူးဖာမင်နိုက Hat trick ရခဲ့ပါတယ်။ ဆာလက်ဟာ ပရီးမီးယားလိဂ် ဂိုးသွင်းဘုရင်ဖြစ်နိုင်တဲ့ ပင်နယ်တီကန်သွင်းခွင့်ကို Hat trick ရမယ့် ဖာမင်နိုအား လွဲပြောင်းပေးခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ဖာမင်နိုဟာ ပရီးမီးယားလိဂ်သမိုင်းမှာ ဂိုးသွင်းအများဆုံး ဘရာဇီးသားလည်း ဖြစ်လာခဲ့ပါတယ်။

လီဗာပူးက အာဆင်နယ်ကို 5-1 နဲ့ အနိုင်ယူခဲ့တဲ့နောက် အမှတ်ပေးဇယားမှာ ဒုတိယနေရာက စပါးအသင်းကို 9 မှတ်ထိ အမှတ်ဖြတ်ထားနိုင်ပါပြီ။ စပါးဟာ အိမ်ကွင်းမှာ ဝုဗ်ကို အရေးနိမ့်ခဲ့တာဖြစ်လို့ စိန့်ကွင်းမှာ သွားရောက်ယှဉ်ပြိုင်ရမယ့်ပွဲကို မန်စီးတီး ရလဒ်မကောင်းခဲ့ရင် ရမှတ်ပိုင်းကွာခြားမှု ပိုကြီးမားလာတော့မှာပါ။

လီဗာပူးဟာ ခက်ခဲတဲ့ ဒီဇင်ဘာကာလကို အကောင်းဆုံးကျော်ဖြတ်နိုင်တဲ့ အသင်းဖြစ်ပါတယ်။ ဒီဇင်ဘာမှာ ပွဲစုစုပေါင်း 8 ပွဲ ကစားရပြီး 8 ပွဲလုံးကို အနိုင်ရခဲ့တာဖြစ်တယ်။ လီဗာပူးရင်ဆိုင်ခဲ့ရတဲ့ အသင်းတွေထဲမှာ အဲဗာတန်၊ နာပိုလီ၊ ယူနိုက်တက်နဲ့ အာဆင်နယ်လို အသင်းကောင်းတွေ ပါဝင်နေပါတယ်။

အေစီမီလန်မှာ အငှားသွားရောက် ကစားနေတဲ့ ဘာကာယိုကိုက ၄င်းရဲ့ ခြေစွမ်းကို အသိမှတ်ပြုစေဖို့ ကြိုးစားကစားနေခဲ့ပြီး အသင်းမှာ အဓိက ကစားသမားအဖြစ် နေရာရစပြုလာခဲ့ပြီ ဖြစ်ပါတယ်။ ၄င်းရဲ့ အငှားစာချုပ်မှာ အေစီမီလန်အသင်းက ယူရို ၃၅ သန်းနဲ့ ၀ယ်ယူခွင့် ပါရှိသော်လည်း ၀ယ်ယူဖို့ကိုတော့ အသင်းရဲ့ ရလဒ်အခြေအနေများကို ကြည့်ရဦးမှာ ဖြစ်ကြောင်း မီလန်ဒါရိုက်တာ မာဒိနီက ပြောကြားလိုက်ပါတယ်။ အေစီမီလန်က ချန်ပီယံလိဂ် ၀င်ခွင့် ရဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။

ချယ်ဆီးကစားသမားဟောင်း အာဂျန်ရော်ဘင်နဲ့ လတ်တလော အင်တာဗျူးမှာ ၂၀၀၄ က မန်ချက်စတာယူနိုက်တက်ကို မရွေးဘဲ ဘာကြောင့် ချယ်ဆီးကို သွားခဲ့သလဲ ဆိုတဲ့ မေးခွန်းကို ထည့်သွင်း ဖြေကြားခဲ့ပါတယ်။ ထိုစဉ်က PSV မှာ ရှိနေတဲ့ ရော်ဘင်ကို ယူနိုက်တက် အသင်းတာဝန်ရှိသူတွေက တွေ့ဆုံ စကားပြောခဲ့ဖူးပြီး ထို့နောက်မှ ကမ်းလှမ်းမှု တစ်စုံတစ်ရာ မရခဲ့ပါဘူး။ ထိုစဉ်ကသာ တန်းပြီး ကမ်းလှမ်းခဲ့ပါက ယူနိုက်တက်ကို ရွေးချယ်ဖြစ်မိမှာ ဖြစ်တယ်လို့ ရော်ဘင်က ၀န်ခံခဲ့ပါတယ်။

ပရီးမီးယားလိဂ်မှာ ပြစ်ဒဏ်ဘော ကျူးလွန်ခံရဆုံး ကစားသမားဖြစ်နေတာက လိဂ်မှာ အကောင်းဆုံး ကစားသမားဖြစ်နေတဲ့တွက် ရုန်းကန်ရမှုတစ်ခုပဲလို့ ဟာဇက်က ပြောကြားလိုက်ပါတယ်။ ချယ်ဆီးတိုက်စစ်သမားဟာ ပရီးမီးယားလိဂ်မှာ တခြားသော ကစားသမားတွေထက် အတိုက်ခိုက်ခံရဆုံးဖြစ်ပြီး ပြစ်ဒဏ်ကျူးလွန်ခံရမှု ဒီရာသီမှာ ၅၉ ကြိမ်ရှိပြီး အများဆုံး ဖြစ်ပါတယ်။

အာဆင်နယ်ဟာ လီဗာပူးကို အရေးနိမ့်ခဲ့လို့ ချယ်ဆီးက ပဲလေစ့်ကို အနိုင်ရသွားမယ်ဆိုရင် နှစ်သင်းကြား ရမှတ်က 5 မှတ် ကွာဟသွားမှာပါ။ ဒါပေမယ့်လို့ အာဆင်နယ်ဟာ ချယ်ဆီးကို အမ်းမရိတ်ကွင်းမှာ ရင်ဆိုင်ကစားရမယ့်ပွဲ ကျန်ရှိနေသေးပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အမှားမခံနိုင်တဲ့ အနေအထားကို ရောက်လာနေပါပြီ။

ပရီးမီးယားလိဂ် သွင်းဂိုးအများဆုံးတိုက်စစ်သမား အူဘာမီယန်းက လီဗာပူးနဲ့ပွဲမှာ ဘောလုံးကို 13 ကြိမ်ပဲ ထိခဲ့ပါတယ်။ 6 ကြိမ်မှာ အလယ်စထိဘောဖြစ်ပါတယ်။

စကိုင်းမှ အားကစားကလောင်ရှင် နဗီးက ‘ အမ်မရီက နောက်ဆုံး 4 ပွဲမှာ 8 မှတ်ရှူံးဖို့ ကြိုးစားနေတာ မဟုတ်ပါဘူး။ သူက ကိုယ်ပိုင်စတိုင်နဲ့ အမှတ်ပေးဖလား အနိုင်ရမယ့် အသင်းတစ်သင်းကို တည်ဆောက်နေတာပါ။ ကျနော်ကတော့ အာဆင်နယ်အနေနဲ့ နာကျင်မှုတွေကို ရင်ဆိုင်ပြီး ရှူံးပွဲတွေ ကြုံတွေထားဖို့ မျှော်လင့်ထားပါတယ် ‘ လို့ ထင်မြင်ချက်ပေးပါတယ်။

ပရီးမီးယားလိဂ် ရာသီဝက် ပြီးဆုံးခဲ့ချိန်မှာ WhoScored က အကောင်းဆုံး ပွဲထွက် ကစားသမား 11 ဦးစာရင်းကို ပြုစုထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါ စာရင်းမှာတော့ မန်စီးတီး ကစားသမားတွေဖြစ်တဲ့ ဒေးဗစ်ဆေးဗား၊ စတာလင်နဲ့ ဖာနန်ဒင်ဟိုတို့ ပါဝင်လာပါတယ်။

ဂွာဒီယိုလာက ဒဏ်ရာရကစားသမားတွေဖြစ်တဲ့ ဖာနန်ဒင်ဟို၊ ဂျီးဆု၊ ကွန်ပနီတို့ဟာ အသင်းနဲ့ လေ့ကျင့်ရေး ပြန်ဆင်းခဲ့ကြပြီဖြစ်ပေမယ့် ဒီကနေ့ညမှာ ယှဉ်ပြိုင်ကစားရမယ့် စိန့်ပွဲမှာ ပါဝင်နိုင်မလားဆိုတာကို သေချာတဲ့ ဆုံးဖြတ်ချက် မလုပ်ရသေးပါဘူးလို့ ပြောဆိုပါတယ်။

မန်စီးတီးရဲ့ ကွင်းလယ်ခံစစ်အတွက် စောင့်ကြည့်ကစားသမားစာရင်းမှာ ချယ်ဆီးမှ ဖာဘရီဂတ်စ်နဲ့ အက်သလက်တီကိုမှ သောမက်စ်ပါတေးတို့ ပါဝင်လာပါတယ်။ ဒါ့အပြင် ဘယ်အစွန်လူ ဘန်ချီဝဲလ်ကိုလည်း နွေအပြောင်းအရွှေ့မှာ ကမ်းလှမ်းမှုပြုလုပ်ဖို့ ရည်ရွယ်ထားပါတယ်။

စီးရီးအေကလပ်တွေဖြစ်တဲ့ အင်တာမီလန်နဲ့ လာဇီယိုတို့ဟာ ယူနိုက်တက်အစွန်လူ ဒါမီးယန်းကို ခေါ်ယူဖို့ အပြိုင်ကြိုးစားလိုနေပါတယ်။ ရာသီကုန်မှာ စာချုပ်ကုန်တော့မှာဖြစ်ပေမယ့် ယူနိုက်တက်ဘက်က အလိုရှိမယ်ဆိုရင် ဒါမီးယန်းကို 12 လ သက်တမ်းတိုးခွင့် ရှိထားပါတယ်။

ယူနိုက်တက်က အလိုရှိနေတဲ့ ပေါ်တိုခံစစ်သမား Eder Militao ကို ခေါ်ယူဖို့ကိစ္စမှာ လီဗာပူးလည်း ပါဝင်လာတယ်လို့ သိရပါတယ်။ စာချုပ်ဖျက်သိမ်းကြေး ယူရို သန်း 50 ခန့် ကုန်ကျနိုင်တဲ့ အဆိုပါ ခံစစ်မှူးကိုတော့ နှစ်သင်းလုံးက ကင်းထောက်လွှတ်ကာ စောင့်ကြည့်နေတယ်လို့ အင်္ဂလန်သတင်းတွေက ဖော်ပြပါတယ်။

ယူနိုက်တက်တိုက်စစ်သမား ဆန်းချက်စ်ဟာ လာမယ့် သီတင်းပတ်အနည်းငယ်မှာ ပွဲထွက်ခွင့်တွေ စရဖွယ်ရှိပါတယ်။ မော်ရင်ညိုလက်ထက် စွမ်းဆောင်ရည်ကောင်းတွေ မပြနိုင်ခဲ့တဲ့ ဆန်းချက်စ်ကို ကလပ်အသင်းက နောက်ဆုံးအခွင့်အရေး ပေးသွားမှာဖြစ်ပြီး လက်ကျန် ရာသီဝက်မှာ ခြေစွမ်းမပြနိုင်ရင် နွေမှာ အသင်းကနေ ထွက်ခွာခွင့်ပေးဖို့ရှိကြောင်း မန်ချက်စတာအခြေစိုက် သတင်းတွေမှာ ဖော်ပြလာပါတယ်။

စပါးတိုက်စစ်မှူး ဆွန်ယောင်မင်က စပါးအသင်းဟာ ကံမကောင်းလို့သာ ဆုဖလားတွေနဲ့ ဝေးကွာနေရတာ ဖြစ်ပြီး တစ်ခုခု အောင်မြင်မှု ရယူပြသင့်ပြီ ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။ စပါးဟာ ပြီးခဲ့တဲ့ ၃ ရာသီဆက် အဆင့်လေး အတွင်း ၀င်ခဲ့ပေမယ့် ဖလားတစ်ခုမှ မရသေးပါဘူး။ ဒီရာသီမှာတော့ အနီးစပ်ဆုံးအခွင့်အရေးတွေ ရှိနေပြီး ကာရာဘောင်းဖလားမှာ ဆီမီးဖိုင်နယ်၊ ချန်ပီယံလိဂ်မှာလည်း ရှုံးထွက်အဆင့်နဲ့ ပရီးမီးယားလိဂ်မှာ အဆင့် ၂ နေရာမှာ ရှိနေပါတယ်။

ဝုဗ်နဲ့ပွဲမှာ စပါးကွင်းလယ်ကစားသမား လာမီလာ မပါဝင်ခဲ့ဘဲ အရန်ခုံမှာတောင် မပါဝင်တာအတွက် ပရိသတ်တွေက မေးခွန်းထုတ်နေကြပါတယ်။ လာမီလာ မပါဝင်ခဲ့တာက ခြေသလုံးဒဏ်ရာ ရှိနေလို့ ဖြစ်တယ်လို့ သိရပါတယ်။

စပါးအသင်းကတော့ ၀င်ဘာလေမှာ မမျှော်လင့်ဘဲ ရှုံးပွဲတွေ့သွားပါတယ်။ တိုက်စစ်မှူးကိန်း ဂိုးသွင်းနိုင်ခဲ့ပေမယ့် ၀ုဗ်ရဲ့ ဒုတိယပိုင်း သွင်းဂိုးများကြောင့် ၃ဂိုး ၁ဂိုးနဲ့ အရေးနိမ့်ခဲ့ရတာပါ။