မန်ယူ တိုက်စစ်မှူးဟောင်း ဆာဟာကတော့ အသင်းရဲ့ ကစားသမား ဆန်းချက်ဇ်ဟာ မန်ယူ အသင်း ကို ချန်ပီယံလိဂ်ဝင်ခွင့်ထံ ပြန်လည် ပို့ဆောင်ပေးနိုင်ဦးမယ် လို့ ယုံကြည်နေဆဲဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

ခံစစ်မှူး ဟယ်ရီ မက်ဂွဲရားဟာ ပြောင်းရွှေ့ကြေး အမြင့်ဆုံး ခံစစ်မှူးဆိုတဲ့ ဂုဏ်ပုဒ်ကို လီဗာပူး ခံစစ်မှူး ဗန်ဒိုက် ဆီက လွှဲယူလိုက်ပြီးနောက် ဗန်ဒိုက်ကဲ့သို့ ကလပ်အသင်းအပေါ် သက်ရောက်မှုကြီးကြီး နဲ့ အောင်မြင်မှုများလည်း ရယူနိုင်လိမ့်မယ်လို့ မက်ဂွဲရားရဲ့ လက်စတာ အသင်းဖော်ဟောင်း၊ မန်ယူ ခံစစ်မှူးဟောင်းလည်း ဖြစ်တဲ့ ဂျွန်နီ အီဗန်က ထောက်ခံ ပြောကြားလိုက်ပါတယ်။

မန်ယူ ကွင်းလယ်ကစားသမား လင်ဂတ်ဟာ အသင်းရဲ့ ညာခံစစ်မှူးသစ် ၀မ် ဘစ်ဆာကာကို သူ့ရဲ့ နာမည်ပြောင် Spidey နဲ့ အတူ ဂုဏ်ပြု ပြောကြားမှုတွေ ပြုလုပ်လိုက်ပါတယ်။

မန်ယူ လူငယ်ခံစစ်ကစားသမား George Tanner ဟာ League 2 အသင်း Morecambe အသင်းထံ တစ်ရာသီအငှားနဲ့ ပြောင်းရွှေ့မှုတစ်ခု ပြုလုပ်သွားခဲ့ပါပြီ။

တိုက်စစ် အထောင်နေရာကနေ ပေး ကစားထားတဲ့ ဒီရာသီမှာ ရက်ဖို့ဒ် ဂိုး ၂၀ လောက် မန်ယူအသင်း အတွက် သွင်းယူ မပေးနိုင်ရင် သူ့ ခြေစွမ်းအတွက် ဆင်ခြေပေးစရာ မရှိကြောင်း မန်ယူကစားသမားဟောင်း ဆာဟာက သတိပေးလိုက်ပါတယ်။

မန်ချက်စတာယူနိုက်တက် ကွင်းလယ်ကစားသမား စကော့ မက် တော်မီနေးက နည်းပြ ဆိုးရှားရဲ့ အသင်းသားတွေ အပေါ် လွှမ်းမိုးမှု အကြောင်း ဖွင့်ဟလိုက်ပြီး အားလုံးက အရပ် ၁၀ ပေ မြင့် လူထွားကြီးတွေလို ယုံကြည်မှု အားအင်အပြည့်နဲ့ စိတ်ကြီး ၀င်နေရကြောင်း ဖွင့်ဟခဲ့ပါတယ်။

” အိုလေ (ဆိုးရှား) စရောက်လာတည်းက လုံးဝ ဥုံဖွ ဆိုသလိုပဲ။ အားလုံးက အရပ် ၁၀ ပေမြင့် လူထွားကြီးတွေ လို ဖြစ်သွားတယ်။ ပတ်ပတ်လည်ကို ကြည့်လိုက်တာနဲ့ အားရစရာပဲ။ ကျနော်တို့က ဘယ် ပြိုင်ဘက်ကို မဆို ရင်ဆိုင်နိုင်တယ် ဆိုတဲ့ ယုံကြည်မှုတွေ ရှိနေတယ်။ ဒီလို စိတ်ခံစားမှုတွေ ဖြစ်လာရတာကလည်း ယုံကြည်သက်ဝင်မှု တစ်ခု ကစားသမားတွေ စိတ်ထဲ ရောက်အောင် ပို့ပေးနိုင်ခဲ့လို့ ဖြစ်တယ်။” လို့ တော်မီနေးက အသင်း YouTube အစီအစဉ်ကနေ ပြောကြားခဲ့တာပါ။

မန်ချက်စတာ ယူနိုက်တက် ကစားသမားသစ် ဝမ်ဘစ်ဆာကာက ပရီးမီးယားလိဂ်မှာ အကောင်းဆုံး ညာနောက်ခံလူ ဖြစ်ပြီး လီဗာပူးရဲ့ အလက်ဇန်းဒါး အာနိုးက ဝမ်ဘစ်ဆာကာလိုမျိုး ခံစစ်ကို ကျစ်ကျစ်လစ်လစ် မဆော့နိုင်ဘူးလို့ ယူနိုက်တက်ခံစစ်မှူးဟောင်း ပေါလ်ပါကာက ပြောပါတယ်။