အာဆင်နယ် နည်းပြ အူနိုင်း အမ်မရီက ရာသီကြိုမှာ ဆိုကရေးတစ်နဲ့ ချမ်ဘာတို့ ပုံစံကောင်းများ ပြသထားတာကြောင့် အသစ်ခေါ်ယူထားတဲ့ ခံစစ်မှူး ဒေးဗစ် လူးဝစ်ဟာ ကစားခွင့်ရဖို့ စောင့်ဆိုင်းရဦးမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ချမ်ဘာဟာ ပြီးခဲ့တဲ့ ရာသီက ဖူဟမ်နဲ့ အတူ ခြေစွမ်းကောင်းများ ပြသနိုင်ခဲ့ပြီး ၄င်းက ဗဟိုခံစစ်မှူး သုံးယောက်တန်း၊ နှစ်ယောက်တန်း အပြင် ကွင်းလယ် ခံစစ်မှာ နေရာစုံ ကစားခဲ့သူ ဖြစ်ကာ ရာသီကြိုက စွမ်းဆောင်ရည်များကလည်း အာဆင်နယ်နဲ့ ပွဲထွက်ခွင့် ထိုက်တန်ေ်ကြာင်း သက်သေပြခဲ့ပြီး ဖြစ်တယ်လို့ အမ်မရီက ရှင်းလင်းခဲ့ပါတယ်။

အာဆင်နယ်အသင်း အဓိက ကစားသမားတွေဖြစ်တဲ့ အိုဇေးနဲ့ ကိုလာစီနက်တို့ဟာ ပရီးမီးယားလိဂ် အဖွင့်ပွဲကို လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်ခံရမှုကြောင့် ပါဝင်ခွင့်မရခဲ့သလို ထပ်ပြီးလည်း လွဲချော်မှုတွေ ရှိသွားဦးမယ်လို့ သိရပါတယ်။

ဂန်းနားအသင်းသားတွေဟာ နယူးကာဆယ်ကို ထွက်ခွာမယ့် လူစာရင်းကနေ လုံခြုံရေးဆိုင်ရာ ပြဿနာတွေကြောင့် ချန်လှပ်ခံခဲ့ရတာပါ။ ဒါဟာ အရင်လက ဂန်းနားအသင်းသားတွေနဲ့ လန်ဒန်မှ ဂိုဏ်းစတားတွေ ကားလုမှုဖြစ်ရာက ထိပ်တိုက်တွေ့မှုဖြစ်ခဲ့ခြင်း နောက်ဆက်တွဲလဲဖြစ်ပါတယ်။

ဂျင်မီ ကာရေဂါက အာဆင်နယ်အသင်းဟာ အိမ်ကွင်းထက် အဝေးကွင်းတွေမှာ သွင်းဂိုးများ လိုအပ်နေတာကြောင့် ခံစစ်ထက် တိုက်စစ်ကို ပိုမို အင်အားဖြည့်တင်းခဲ့တဲ့ လုပ်ရပ် မှန်ကန်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

အာဆင်နယ် တိုက်စစ်သမား အူဘာမီးယန်းက ဒီရာသီ အသင်းကို ရောက်ရှိလာတဲ့ တောင်ပံတိုက်စစ်သမား နစ်ကိုးလပ်စ် ပီပီနဲ့ အတူ တွဲဖက် ကစားဖို့ စောင့်စားနေပြီ ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။