ယူနိုက်တက် တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်က လက်ရှိ အသင်းနည်းပြ ဆိုးလ်ရှားဟာ အသင်းရဲ့ အမြဲတမ်း မန်နေဂျာ အဖြစ် ခန့်အပ် ခံရသင့်ကြောင်း ထောက်ခံ ပြောဆိုလိုက်ပါတယ်။ ဆိုးလ်ရှားက မော်ရင်ညို ထုတ်ပယ်ခံရပြီးနောက် ရာသီကုန်ထိ ကိုင်တွယ်ဖို့ အသင်းကို ယာယီ တာဝန်ယူထားရတာ ဖြစ်ပါတယ်။

ယူနိုက်တက်ရဲ့ စီနီယာကစားသမားတွေ ဖြစ်တဲ့ မာတာနဲ့ အက်ရှ်လေယန်းတို့ နှစ်ဦးကို စာချုပ်သစ်များ ချုပ်ဆို သက်တမ်းတိုးဖို့ ပြောဆို ဆွေးနွေးမှုများ ပြုလုပ်နေပြီလို့ သိရပါတယ်။ ၄င်းတို့ ၂ဦးလုံးရဲ့ လက်ရှိစာချုပ်က ရာသီကုန်ရင် ကုန်ဆုံးပြီဖြစ်ပါတယ်။

အင်တာမီလန်ခံစစ်မှူး Milan Skriniar က ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်ဆီ ပြောင်းရွှေ့တော့မယ့်ဆိုတဲ့ သတင်းများအပေါ် ခပ်ရင့်ရင့် စကားလုံးသုံးပြီး အင်စတာဂရမ်က တုန့်ပြန်သွားပါတယ်.. ၄င်းအကြောင်းရေးထားတဲ့ သတင်းပုံကို တင်ပြီး ဒါတွေက -ျီးထုပ်တွေပဲ Milan Skriniar က ပြောခဲ့တာပါ။

ရိမ်းဂျားစ်အသင်းမှာ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေ ပြသနေတဲ့ လီဗာပူး တောင်ပံကစားသမား ရိုင်ယန်ကန့်ကို အသင်းမှာ ဆက်ခေါ်ထားလိုတဲ့အတွက် အပြီးသတ် ၀ယ်ယူဖို့ကိစ္စ နှစ်ဖက်အသင်းကြား ဆွေးနွေးမှုတွေ စတင်နေတယ်လို့ သိရပါတယ်။ ကန့်ဟာ ၂၀၁၇ ကမှ လီဗာပူးနဲ့ နှစ်ရှည် စာချုပ် ချုပ်ဆိုထားသူပါ။

ပရီးမီးယားလိဂ် ပွဲ ၅၀၀ ပြည့်သွားပြီး ဖြစ်တဲ့ လီဗာပူး ကွင်းလယ်ကစားသမားကြီး ဂျိမ်းစ် မေနာအတွက် Nike မှာ အမှတ်တရ ဂုဏ်ပြု ဘောလုံးကန် ဖိနပ်တစ်ရံ ပေးအပ်လိုက်ပါတယ်။ မေနာ ကစားဖူးတဲ့ ကလပ်အသင်းတွေ လိုဂိုတွေ ပတ်ပတ်လည် ထည့်သွင်းထားပြီး မေနာရဲ့ ပုံရိပ်ကို ဖိနပ် နောက်မှာ ရိုက်နှိပ်ထားပါတယ်။

စပို့တင်းလစ္စဘွန်းအသင်းဟာ လီဗာပူးလူငယ် ကမာချိုကို ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပြီ ဖြစ်ကြောင်း သတင်းများမှာ ပါခဲ့ပေမယ့် လီဗာပူး နည်းပြ ယာဂင်ကလော့ပ်က အဆိုပါ အပြောင်းအရွှေ့ကို ပယ်ချခဲ့တယ်လို့ သိရပါတယ်။ ကလော့ပ်က ကမာချိုဟာ ခံစစ်ပိုင်း တိုးတက်စရာတွေ ရှိနေသေးပြီး အသင်းမှာ ထားကာ သင်ယူတိုးတက်စေနိုင်သေးတယ်လို့ ယူဆထားပါတယ်။

ချယ်ဆီးအသင်းဟာ ဘိုင်ယန်မြူးနစ်ဘက်က ၄င်းတို့လူငယ်တိုက်စစ်မှူး အိုဒွိုင်းကို ဘောင်ကျော်ပြီး ချဉ်းကပ်ဆွဲဆောင်မှုတွေ ရှိခဲ့တယ်လို့ ဖီဖာထံ တိုင်ကြားရန် စဉ်းစားနေတယ်လို့ သိရပါတယ်။ ဘိုင်ယန်ဘက်က အိုဒွိုင်းကို ခေါ်ယူလိုကြောင်း ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုထားပြီး ကမ်းလှမ်းမှုများ အကြိမ်ကြိမ် ပြုလုပ်ထားကာ ချယ်ဆီးဘက်ကတော့ ရောင်းချဖို့ တင်းခံနေဆဲပါ။

ချယ်ဆီးကွင်းလယ်ကစားသမား ကိုင်လီစကော့က စီးရီးဘီ အသင်း အက်စ်ကိုလီအသင်းထံ ပြောင်းရွှေ့ဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေပါပြီ။ အသက် ၂၁ နှစ်အရွယ် အမေရိကန်သားဟာ ချယ်ဆီးအသင်းကြီးအတွက် တစ်ကြိမ်သာ ကစားပေးထားဖူးပြီး လက်ရှိအချိန်မှာတော့ ဟော်လန်ကလပ် တယ်စတားမှာ အငှား သွားရောက် ကစားနေတာပါ။

ဗလင်စီယာ အသင်းဟာ ချယ်ဆီးကနေ အငှားနဲ့ ခေါ်ယူထားတဲ့ တိုက်စစ်မှူး ဘတ်ရှူဝါရီအတွက် သဘောတူညီမှုကို ဇန်န၀ါရီမှာ အဆုံးသတ်မှာ ဖြစ်ကြောင်း ထုတ်ဖော်ကြေငြာလိုက်ကာ ကစားသမားဟာ မကြာခင် စတန်းဖို့ ဘရစ်ကို ပြန်မှာ ဖြစ်ကြောင်း အတည်ပြုသွားပါတယ်။

ဝက်စ်ဟမ်းနဲ့ ပွဲကြိုရှင်းလင်းပွဲမှာ အမ်မရီက ပြိုင်ဘက်အသင်းနည်းပြ ပယ်လီဂရီနီကို ချီးကျူး ပြောဆိုမှုတွေ ပြုလုပ်သွားပါတယ်။ ပယ်လီဂရီနီဟာ နည်းပြကောင်း တစ်ဦး ဖြစ်တဲ့အပြင် အတွေ့အကြုံတွေ အများကြီး ရှိထားကာ ပရီးမီးယားလိဂ်ဖလားကိုလည်း မန်စီးတီးနဲ့ ဆွတ်ခူးထားတဲ့သူ ဖြစ်တယ်လို့ အမ်မရီ က ထုတ်ဖော် ချီးကျူးခဲ့တာပါ။

ရာသီကုန်ရင် အသင်းနဲ့ စာချုပ်ကုန်ဆုံးပြီး ထွက်ခွာခွင့်ရှိပြီ ဖြစ်တဲ့ အာရွန်ရမ်ဆေးဟာ ဂျူဗင်တပ်အသင်းနဲ့ အကြိုသဘောတူညီမှု ရခဲ့ပြီ ဆိုတဲ့ သတင်းများ အပေါ် အာဆင်နယ်နည်းပြ အူနိုင်း အမ်မရီက သူ့အနေနဲ့ ရမ်ဆေး ဘာပဲ ဆုံးဖြတ် ဆုံးဖြတ် လေးစားစွာ လက်ခံရမှာ ဖြစ်ကြောင်းနဲ့ သူ့အနေနဲ့ဆို ကစားသမားရဲ့ အသင်းအပေါ် သဘောထားနဲ့ အခြေအနေကို ကျေနပ်ပါကြောင်း ပြောကြားလိုက်ပါတယ်။

ဇန်န၀ါရီ အပြောင်းအရွှေ့မှာ ကစားသမား ၀ယ်ယူမှုများ ပြုလုပ်နိုင်ဦးမှာ မဟုတ်ဘဲ အငှားနဲ့သာ ကစားသမားများ ခေါ်ယူအင်အားဖြည့်တင်းဖို့ ကြိုးစားရမှာ ဖြစ်ကြောင်း အမ်မရီက အသင်းရဲ့ အခြေအနေ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

မန်စီးတီးအသင်းဟာ အက်ဖ်အေဖလား စတုတ္ထ ပွဲစဉ်အဖြစ် ဘန်လေနဲ့ တွေ့ဆုံနေပြီး ဇန်န၀ါရီ ၂၆ ရက်မှာ ယှဉ်ပြိုင်ကစားရမှာပါ။ ထိုပွဲစဉ်ဟာ အင်္ဂလန်မှာတော့ ရုပ်သံထုတ်လွှင့်မှု အစီအစဉ်ထဲ မပါကြောင်း သိရပါတယ်။

မန်စီးတီး တိုက်စစ်မှူး ဂျီဆုက ၄င်းအနေနဲ့ အသင်းဖော် တိုက်စစ်မှူး အဂွယ်ရိုနဲ့ အသင်းမန်နေဂျာ ပက် ဂွာဒီယိုလာကို လေးစားသော်လည်း အသင်းမှာ ပွဲထွက်ကစားခွင့် ရလိုကြောင်းနဲ့ ဒိအတွက် နေ့စဉ် ပြင်းပြင်းထန်ထန် လေ့ကျင့်နေပါတယ်လို့ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

လီဗာပူးအသင်းဟာ ယခုအချိန်မှာ ပရီးမီးယားလိဂ် ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအသင်း ဖြစ်နေပေမယ့် လက်ရှိ ချန်ပီယံ မန်စီးတီးကို ချန်ထားခဲ့လို့ မရကြောင်း ဘရိုက်တန် နည်းပြ Hughton က ပြောကြားလိုက်ပါတယ်။ မန်စီးတီးဟာ ပြီးခဲ့တဲ့ ရာသီတွေအတွင်း အကောင်းဆုံးအသင်း ပုံစံကောင်းတွေ ပြသထားခဲ့တယ်လို့ ၄င်းက ချီးကျူးလိုက်ပါတယ်။

စပါးတိုက်စစ်မှူးဟောင်း ရော်ဘီကိန်းက လက်ရှိ တိုက်စ်မှူး ဟယ်ရီကိန်းဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး ကျေနံပါတ် ၉ တိုက်စစ်မှူး ဖြစ်တယ်လို့ ထုတ်ဖော် ချီးကျူးလိုက်ပါတယ်။ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆု ၂ ကြိမ်ရဖူးတဲ့ အင်္ဂလန်အသင်းခေါင်းဆောင်က ကစားသမားဘ၀ ကလပ်အသင်းနဲ့ နိုင်ငံအသင်းအတွက် သွင်းဂိုး ၂၀၀ ပြည့်ဖို့လည်း နီးနေပြီ ဖြစ်ပါတယ်။

တော့တင်ဟမ်စပါးအသင်းဟာ ဟော့ဖမ်ဟိန်း ကွင်းလယ်ကစားသမား ဖလိုရီယန် ဂရေးလစ်ကို ခေါ်ယူဖို့ စောင့်ကြည့်ေ်နတယ်လို့ စကိုင်းစပေါ့ သတင်းမှာ ဖော်ပြလာပါတယ်။ အသက် ၂၃ နှစ်အရွယ် သြစတြီးယားသားရဲ့ လက်ရှိစာချုပ်က အသင်းနဲ့ ၂ နှစ်ခွဲ ကျန်ရှိသေးပြီး စာချုပ်ပါ ထွက်ခွာကြေးက ပေါင် ၁၈ သန်းကျော်လို့ သိရပါတယ်။