ဒီတစ်ပတ် EPL ပွဲတွေအတွက် ဘီဘီစီမှ လော်ရိုး ခန့်မှန်းချက်များ စုစည်းဖော်ပြပေးလိုက်ပါတယ်။

ဝုဗ် Vs လက်စတာ/ (ဇန်န၀ါရီ ၁၉၊ စနေနေ့ ည ၇း၀၀ နာရီ)

အရင်အပတ်မှာတုန်းက ဒုတိယပိုင်းတခုလုံးကို စိန့်က 10 ယောက်တည်းနဲ့ ကစားခဲ့ပေမယ့် လက်စတာ အရေးနိမ့်ခဲ့တယ်။ လက်စတာပရိသတ်တွေက မန်နေဂျာအပေါ်မှာလည်း ပျော်ရွှင်မှုမရှိဘူး။ ဝုဗ်ကတော့ သမိုင်းကြောင်း၊ အသင်းပရိသတ်ထုနဲ့အတူ သိပ်ကောင်းတဲ့ အစီအစဉ်တွေရှိနေတဲ့ အသင်းဖြစ်တယ်။ တနင်္လာနေ့က မန်စီးတီးရဲ့ အနိုင်ယူခြင်း ခံရပေမယ့် အားလုံးက ပြန်လာပါလိမ့်မယ်။

လော်ရိုး၏ ခန့်မှန်းရလဒ်။ ။ ၀ုဗ် 2-0 လက်စတာ

ဘုန်းမောက် Vs ၀က်စ်ဟမ်း/ (ဇန်န၀ါရီ ၁၉၊ စနေနေ့ ည ၉း၃၀ နာရီ)

အရင်အပတ်က ဝက်ဟမ်းဟာ အာဆင်နယ်ကို အနိုင်ရပြီး ဘုန်းမောက်က အဲဗာတန်ကို အရေးနိမ့်ခဲ့တယ်။ ဘုန်းမောက်က ကစားပုံ အရမ်းမဆိုးနေပါဘူး။ ဒီအပတ်တော့ သူတို့ အနိုင်ရလဒ်တွေ ပြန်ယူလာမယ်လို့ ထင်တယ်။ သူတို့က ဝက်ဟမ်းကို ရင်ဆိုင်ကစားရာမှာ ရလဒ်ကောင်းလည်း ရှိထားပါတယ်။

လော်ရိုး၏ ခန့်မှန်းရလဒ်။ ။ ဘုန်းမောက် 2-1 ၀က်စ်ဟမ်း

လီဗာပူး Vs ခရစ္စတယ်ပဲလေ့စ်/ (ဇန်န၀ါရီ ၁၉၊ စနေနေ့ ည ၉း၃၀ နာရီ)

စနေနေ့ဟာ လီဗာပူးဂန္တဝင်ကြီး ဘော့ပီယာစလေရဲ့ နှစ် 100 ပြည့် မွေးနေ့ပါ။ လီဗာပူးက အထိမ်းအမှတ် တခုခု လုပ်ပါလိမ့်မယ်။ လီဗာပူးက မန်နေဂျာဟောင်း ရိုင်ဟောင်ဆန်နဲ့ ရင်ဆိုင်ရမှာဖြစ်တယ်။ အရင်ပတ်က ဘရိုက်တန်ကို အနိုင်ရခဲ့တာက အရေးပါပါတယ်။ အဲ့သည်လို ပွဲတွေက ချန်ပီယံဖြစ်ဖို့ကို အဆုံးအဖြတ်ပေးတဲ့ ပွဲတွေပါ။ ပဲလေစ့်ကို ရင်ဆိုင်ဖို့ ပြဿနာတွေ အများကြီးလည်း မမြင်ပါဘူး။ ထရန့် မပါနိုင်ပေမယ့် မီလ်နာကို ညာခြမ်းကနေ ပွဲထုတ်လို့ ရပါတယ်။ ဒီပွဲမှာ ဘယ်လိုရလဒ်ကောင်း တခုပဲရရ ပဲလေစ့်အတွက်တော့ အပိုဆုပါပဲ။ ဒါပေမယ့် အဲ့သည်လို ဖြစ်လာမယ်လို့ မမြင်ပါဘူး။

လော်ရိုး၏ ခန့်မှန်းရလဒ်။ ။ လီဗာပူး 2-0 ခရစ္စတယ်ပဲလေ့စ်

မန်ယူနိုက်တက် Vs ဘရိုက်တန်/ (ဇန်န၀ါရီ ၁၉၊ စနေနေ့ ည ၉း၃၀ နာရီ)

ဘရိုက်တန်က လီဗာပူးအပြီး ယူနိုက်တက်ကို တွေ့တာက ခက်ခဲတာပါပဲ။ ဒီပွဲကို အရေးနိမ့်တာတောင်မှ သူတို့က ရမှတ်ကောင်းတွေ စုဆောင်းမိထားပါပြီ။ ဒါပေမယ့် ပုံစံကောင်းကတော့ အလှည့်အပြောင်း ဖြစ်သွားနိုင်တာပေါ့။ လီဗာပူးကို ရင်ဆိုင်ရာမှာ အရေးနိမ့်ပေမယ့် ဘရိုက်တန်က ပြိုင်ဘက်ကို ခက်ခဲစေခဲ့ပါတယ်။ သူတို့က သိပ်ကောင်းပါတယ်။ အိုထရတ်ဖိုဒ့်မှာလည်း တူညီတဲ့ ပုံစံတွေနဲ့ ကြိုးစားမှာဖြစ်ပေမယ့် ဒီအခြေအနေမှာတော့ ယူနိုက်တက်က သိပ်ကောင်းနေပါတယ်။

လော်ရိုး၏ ခန့်မှန်းရလဒ်။ ။ မန်ယူနိုက်တက် 3-0 ဘရိုက်တန်

နယူးကာဆယ် Vs ကားဒစ်/ (ဇန်န၀ါရီ ၁၉၊ စနေနေ့ ည ၉း၃၀ နာရီ)

နယူးကာဆယ်ဟာ ဈေးကွက်ထဲမှာ ကာဒစ်လို လှုပ်ရှားမှုတွေ မလုပ်ပေမယ့် ဒီပွဲကိုတော့ နိုင်အောင် ကန်ရပါမယ်။ နယူးကာဆယ်က ဒီပွဲမှာ သူတို့ အရမ်းကြီး မဆိုးသေးဘူးဆိုတာ ပြသမှာပါ။

လော်ရိုး၏ ခန့်မှန်းရလဒ်။ ။ နယူးကာဆယ် 2-0 ကားဒစ်

ဆောက်သမ်တန် Vs အဲဗာတန်/ (ဇန်န၀ါရီ ၁၉၊ စနေနေ့ ည ၉း၃၀ နာရီ)

အရင်အပတ်က နှစ်သင်းလုံး ရလဒ်ကောင်းတွေ ရခဲ့ပါတယ်။ အဲဗာတန်ဟာ သူတို့ရထားတဲ့ ကစားသမားတွေနဲ့ ခံစစ်ပိုင်းမှာ လက်ရှိထက် ပိုကောင်းသင့်တယ်။ ပွဲတွေကို ထိန်းချုပ်ဖို့ ရစ်ချာလီဆန်နဲ့ ဆီဂတ်ဆန်တို့ဟာ ဘောလုံးတွေ လုံလုံလောက်လောက် မရပါဘူး။

လော်ရိုး၏ ခန့်မှန်းရလဒ်။ ။ ဆောက်သမ်တန် 1-1 အဲဗာတန်

ဝက်ဖို့ Vs ဘန်လေ/ (ဇန်န၀ါရီ ၁၉၊ စနေနေ့ ည ၉း၃၀ နာရီ)

ဘန်လေက ပုံစံကောင်းတွေ ပြန်ရနေပြန်ပါပြီ။ တန်းဆင်းဇုံကနေ လက်မအနည်းငယ် အကွာကို ရောက်လာနေပါပြီ။ ဝတ်ဖို့က အရင်အပတ်က ပဲလေစ့်နဲ့ပွဲမှာ ကောင်းပေမယ့် တိုက်စစ်ကစားလွန်းပါတယ်။ ဂိုးပေါက် ခြိမ်းခြောက်မှုတောင် မရှိပါပဲ ဘန်လေက ဖူလ်ဟမ်ကို အနိုင်ယူခဲ့တယ်။ ဒီပွဲတော့ ဘန်လေဘက်ကပါပဲ။

လော်ရိုး၏ ခန့်မှန်းရလဒ်။ ။ ၀က်ဖို့ 0-1 ဘန်လေ

အာဆင်နယ် Vs ချယ်ဆီး/ (ဇန်န၀ါရီ ၂၀၊ တနင်္ဂနွေနေ့ မနက် ၁၂း၀၀ နာရီ)

အာဆင်နယ်က ဇာတ်လမ်းဟောင်းတွေလိုပါပဲ ခံစစ်ပိုင်းမှာ အင်အားတောင့်တင်းလာဖို့ လိုပါတယ်။ သူတို့က အဆင့် 5 နေရာအတွက် တိုက်ခိုက်ရမှာပါ။ ယူနိုက်တက်ရဲ့ ပုံစံကောင်းတွေနဲ့အတူ အဆင့် 4 နေရာအတွက် ပြန်ဝင်လာမှုက ဒီအပတ်မှာတော့ ပိုနီးစပ်တဲ့ အနေအထားကို ရောက်လာနိုင်ပါတယ်။ ယူနိုက်တက်က ဘရိုက်တန်ကို အနိုင်ရပြီး အာဆင်နယ်က ချယ်ဆီးကို အနိုင်ရတာမျိုးကို မျှော်လင့်ပါတယ်။ ဒါဆိုရင် သုံးသင်းကြားမှာ သုံးမှတ်ပဲ ကွာတော့မှာပါ။

ဟယ်ရီကိန်းနဲ့ ဆွန်တို့ မပါဝင်တဲ့ တော်တင်ဟမ်ကလည်း ရမှတ်တွေ ဘယ်လောက်ထိ စုဆောင်းနိုင်မယ် မသေချာပါဘူး။ ဒီတော့ လာမယ့်အပတ်တွေက စိတ်ဝင်စားဖို့ ကောင်းလာနေပါပြီ။

လော်ရိုး၏ ခန့်မှန်းရလဒ်။ ။ အာဆင်နယ် 2-1 ချယ်ဆီး

ဟက်ဒါဖီး Vs မန်စီးတီး/ (ဇန်န၀ါရီ ၂၀၊ တနင်္ဂနွေနေ့ ည ၈း၀၀ နာရီ)

နောက်အပတ်ထိ ဟက်ဒါဖီးက မန်နေဂျာသစ် အစားထိုးနိုင်ဦးမှာ မဟုတ်ပါဘူး။ မန်နေဂျာသစ် ရခဲ့ရင်လည်း ဒီပွဲအတွက် ထူးထူးခြားခြား ဖြစ်စေမယ် မထင်ဘူး။ မန်စီးတီးက ပုံစံကောင်းတွေ ပြန်ရနေတယ်။ အရမ်းကြီး အားမထုတ်ရပါပဲ ဝုဗ်ကို အနိုင်ယူခဲ့တယ်။ အဲ့သည်ပွဲက လေ့ကျင့်ရေးပွဲနဲ့တောင် ဆင်ပါတယ်။ မနှစ်ကတော့ စတာလင်ရဲ့ နောက်ကျဂိုးနဲ့ ဟက်ဒါဖီးကွင်းမှာ အနိုင်ယူခဲ့တယ်။ ဒီတစ်ကြိမ်တော့ ပိုပြီး သက်သောင့်သက်သာ ရှိလာမယ်လို့ ထင်ပါတယ်။

လော်ရိုး၏ ခန့်မှန်းရလဒ်။ ။ ဟက်ဒါဖီး 0-2 မန်စီးတီး

ဖူဟမ် Vs စပါး/ (ဇန်န၀ါရီ ၂၀၊ တနင်္ဂနွေနေ့ ည ၁၀း၃၀ နာရီ)

ယူနိုက်တက်ကို အရေးနိမ့်တဲ့ပွဲမှာ ကိန်းနဲ့ ဆစ်ဆိုခိုတို့ ဒဏ်ရာရခဲ့တာက စပါးအတွက် သိပ်တော့ မကောင်းပါဘူး။ အဲ့သည် ကစားသမားတွေအပြင် ဆွန်ကိုလည်း လက်လွတ်ရမှာပါ။ ဇန်နဝါရီမှာ လီဗာပူးကစားသမားဟောင်း ဘာဘယ်တဦးကိုပဲ လက်မှတ်ထိုးထားတဲ့ ဖူလ်ဟမ်ကို ရင်ဆိုင်ဖို့တော့ စပါးက ပိုကောင်းနေဆဲလို့ ကျနော် ယူဆပါတယ်။

လော်ရိုး၏ ခန့်မှန်းရလဒ်။ ။ ဖူဟမ် 0-2 စပါး