ချယ်ဆီးတိုက်စစ်မှူး ဟီဂူအင်က ပရီးမီးယားလိဂ်မှာ ပြိုင်ဘက် ခံစစ်မှူးတွေကို ကျော်ဖြတ်ဖို့ က ယခင် ကစားဖူးသည်များထက် အများကြီး ခက်ခဲကြောင်း ၀န်ခံသွားပါတယ်။ ဒါပေမယ့် ၄င်းက ချယ်ဆီးအသင်းအတွက် သက်ရောက်မှုကြီးစွာ အကျိုးပြုနိုင်မယ်လို့ ယုံကြည်နေပါတယ်။

ဂျော်ဂျင်ဟိုနေရာ အစားဝင်ကစားနိုင်ဖို့ ဆာရီက ကိုဗာဆစ်ကို လေ့ကျင့်ပေးနေပြီး ၀င်ရောက် ကစားနိုင်နေပြီ ဖြစ်တယ်လို့ ၄င်းက ဆိုပါတယ်။

ချယ်ဆီးအသင်းက အက်သလက်တီကို မက်ဒရစ်မှ ယူရို သန်း ၁၅၀ တန် ကွင်းလယ် ကစားသမား Saul ကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်နေကြောင်း သိရပါတယ်။

ချယ်ဆီးအသင်းဟာ အ၀တ်လဲခန်းအတွင်း အမြစ်တွယ်နေတဲ့ အဆိပ်အတောက်ကို ဖယ်ထုတ်ဖို့ ဟာဇက်ကို ရောင်းချရမယ်လို့ စတန်ကော်လီမိုးက တိုက်တွန်းသွားပါတယ်။ ဟာဇက်ဟာ ကမ္ဘာ့အကောင်းဆုံးတွေထဲက တစ်ယောက် ဖြစ်ပေမယ့် ချယ်ဆီးအနေနဲ့ ဟာဇက်ကို ရောင်း ငွေရှာချိန် တန်ပြီလို့ ၄င်းက ဆိုပါတယ်။

ချယ်ဆီးတိုက်စစ်မှူး ဟီဂူအင်က ဆရာဟောင်း ဆာရီနဲ့ အတူ ပြန်လည် လက်တွဲခွင့် ရပြီးနောက် ချယ်ဆီးမှာ ခြေစွမ်းပြ တောက်ပလာဖို့ စိတ်ပိုင်းဖြတ်ထားပါတယ်။ ဟီဂူအင်က ဟက်ဒါဖီးနဲ့ပွဲမှာတင် ပရီးမီးယားလိဂ် ဂိုး ၂ ဂိုး သွင်းယူနိုင်ခဲ့ပါပြီ။ ဟီဂူအင်ဟာ တချိန်က နာပိုလီမှာ ခြေစွမ်းပနိုင် ခဲ့တဲ့ ပုံစံကောင်းတွေ ယူဆောင်လာနိုင်ဖို့ မျှော်လင့် နေတာ ဖြစ်ပါတယ် ။

ယူနိုက်တက် ခံစစ်မှူးဟောင်း၊ စကိုင်းစပေါ့မှ အားကစားသုံးသပ်သူ ဂယ်ရီနဗီးလ်က နည်းပြ ဆာရီ လာမယ့် ဘောလုံးရာသီမှာ ချယ်ဆီးနည်းပြအဖြစ် ဆက်ရှိနေဦးမယ်ဆိုရင် သူ့အနေနဲ့ အံ့အားသင့်ရလိမ့်မယ်လို့ ပြောကြားသွားခဲ့ပါတယ်။