ယူနိုက်တက်ဟာ အင်္ဂလန်တိုက်စစ်သမား ရပ်ဖိုဒ့်ကို လုပ်ခလစာ ခံစားခွင့် တိုးမြှင့်ပေးမယ့် စာချုပ်သစ်နဲ့အတူ ကာလရှည် သက်တမ်းတိုးနိုင်ဖို့ ဆွေးနွေးမှုတွေ စတင်နေပါပြီ။ လက်ရှိ ဘောလုံးရာသီ အကုန်မှာ ယူနိုက်တက်နဲ့ စာချုပ်ကုန်မယ့် ရပ်ဖိုဒ့်ဟာေ စာချုပ်သစ်အရတော့ သူဟာ တစ်ပတ်ကို လုပ်ခ ပေါင် 150,000 နဲ့အတူ အပိုဆုကြေးတွေ ထပ်မံရရှိမှာဖြစ်လို့ လက်ရှိရနေတဲ့ လုပ်ခရဲ့ နှစ်ဆလောက်ထိ ရရှိသွားမှာဖြစ်ပါတယ်။

ယူနိုက်တက်ရဲ့ ကစားသမားဟောင်းတွေထဲမှာ ကလပ်အသင်း အားကစားဒါရိုက်တာအဖြစ် အေးဂျက်မှ ဗန်ဒါးဆားကို ခေါ်ယူ တာဝန်ပေးဖို့ ထောက်ခံမှုတွေ ကျယ်ပြန့်လာပါတယ်။ ယူနိုက်တက်ဟာ လာမယ့် နွေမှာ အမြဲတမ်း မန်နေဂျာတစ်ဦးကို ခန့်အပ်မှာဖြစ်ပြီး အားကစားဒါရိုက်တာ တစ်ဦးကိုပါ ပူးတွဲခန့်အပ်ဖို့ ကြိုးစားနေတာပါ။

လိုင်ယွန်အသင်းက ပီအက်ဂျီကို 2-1 နဲ့ အနိုင်ရတဲ့ပွဲမှာ လိုင်ယွန်အတွက် ခြေစွမ်းပြခဲ့တဲ့ ဒီပေးကို ယူနိုက်တက် ပရိသတ်တွေက ချီးကျူးမှုတွေ ပြုလုပ်ခဲ့ပြီး ပြန်လည်ခေါ်ယူဖို့ အလိုရှိတယ်ဆိုတဲ့ မှတ်ချက်တွေ ပေးနေကြပါတယ်။ ယူနိုက်တက်ရဲ့ ကျောနံပါတ် 7 ဂျာစီကို ဝတ်ဆင်ဖို့ ရုန်းကန်ခဲ့ရတဲ့ နယ်သာလန်သားကို ဆန်းချက်နေရာ ပြန်ယူစေဖို့ ခေါ်ယူသင့်ကြောင်း တိုက်တွန်းမှုတွေလည်း ရှိလာနေတာပါ။

ယူနိုက်တက် ယာယီမန်နေဂျာ ဆိုးရှား လက်ထက်မှာတော့ ခံစစ်မှူး လင်ဒီအော့ဟာ ဂိုးသမားမဟုတ်ပဲ မိနစ်တိုင်း ပွဲထွက်ခွင့်ရတဲ့ တစ်ဦးတည်သော ကစားသမားဖြစ်လာပါတယ်။

ယူနိုက်တက် ယာယီနည်ပြ အိုလီဂန်နာ ဆိုးရှားက ရာသီကုန်ရင် အမြဲတမ်းနည်းပြ ဖြစ်မလာသည့်တိုင် လာမယ့်နွေ အပြောင်းအရွှေ့အတွက် ကစားသမားခေါ်ယူမှုမှာ ကြီးမားတဲ့ အစိတ်အပိုင်းအဖြစ် ပါဝင်ခွင့် ရမှာ ဖြစ်ပါတယ်။ ယူနိုက်တက် အမြဲတမ်းမန်နေဂျာ ဖြစ်လာမယ့်သူ အတွက် အသင်းဘက်က အပြောင်းအရွှေ့ စရိတ် ပေါင် သန်း ၂၀၀ ထိ ထုတ်ပေးဖို့ အသင်းဘက်က ပြင်ဆင်ထားပါတယ်။

ယူနိုက်တက်နဲ့ ချန်ပီယံလိဂ် ပွဲစဉ်နဲ့ ပတ်သတ်ပြီး ပီအက်စ်ဂျီ အသင်းခေါင်းဆောင် ဆေးလ်ဗားက – “မန်ချက်စတာယူနိုက်တက်နဲ့ ရင်ဆိုင်ကစားရမှာက ပွဲကောင်းတစ်ပွဲ ဖြစ်လာမှာပါ။ ကျနော်တို့က ကောင်းမွန်တဲ့ အသင်းကောင်း တစ်သင်းနဲ့ ရင်ဆိုင်ရမှာပါ။ ယူနိုက်တက်က 10 ပွဲမှာ 9 ပွဲကို အနိုင်ရထားပါတယ်။ သူတို့ကို အနိုင်ရဖို့ ကျနော်တို့က ရာနှုန်းပြည့်ထက်ပိုပြီး အဆင့်သင့်ဖြစ်နေဖို့ လိုပါတယ် ” လို့ သတိပေးစကားပြောကြားလိုက်ပါတယ်။